နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)၌ ဖွင့်လှစ်ခဲ့သည့် ဝန်ထမ်းအဖွဲ့အစည်းဒုတိယ အကြီးအမှူး စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၁၀)နှင့် အဆင့်မြင့်အရာထမ်းစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၁၁)တို့၏သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၇-၆-၂၀၂၂ ရက်နေ့  (၀၈:၀၀)နာရီအချိန်တွင် နီလာခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေတက်ရောက်ပြီး သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပါသည်။