နိုင်ငံ့၀န်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် ဝန်ထမ်းအဖွဲ့အစည်းဒုတိယအကြီးအမှူးစီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ်(၁၁)နှင့် အဆင့်မြင့်အရာထမ်းစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၁၂)သင်တန်းဖွင့် အခမ်းအနားကို ၂၀၂၂ခုနှစ် ဒီဇင်ဘာလ(၆)ရက်နေ့၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့  ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်တက်ရောက်၍ သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပါသည်။