နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၌ ဖွင့်လှစ်ခဲ့သည့် အခြေခံပညာဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ်(၉၈)၏ သင်တန်းဖွင့်အခမ်းအနားကို ၁၃-၆-၂၀၂၂ ရက်နေ့  (၀၈:၀၀)နာရီအချိန်တွင် ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေတက်ရောက်ပြီး သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပါသည်။