ကိုယ်ရေးအချက်အလက်

အမည် ဦးမြင့်ဆွေ
ရာထူး ညွှန်ကြားရေးမှူးချုပ်
တာဝန်ထမ်းဆောင်ခဲ့သည့် ကာလ ၁-၁၁-၂၀၁၁ မှ ယနေ့ထိ

ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဆွေကို ဖခင် ဦးအောင်ငြိမ်းနှင့် မိခင် ဒေါ်တင်ညိုတို့မှ ၁၉၇၄ ခုနှစ်၊ မေလ (၂၄) ရက်နေ့တွင် မကွေးမြို့နယ်၊ ကန်သစ်ကျေးရွာ၌ မွေးဖွားခဲ့ပါသည်။ ၁၉၈၁ ခုနှစ်မှ ၁၉၈၆ ခုနှစ်အထိ ကန်သစ်ကျေးရွာ အမကကျောင်း၊ ၁၉၈၆ ခုနှစ်မှ ၁၉၉၀ ခုနှစ်အထိ ကန်သာကြီး ကျေးရွာ တွဲဖက် အလယ်တန်းနှင့် ၁၉၉၁ ခုနှစ်မှ ၁၉၉၂ ခုနှစ်အထိ မကွေးမြို့ အထက(၂)တွင် အခြေခံပညာ ဆည်းပူးခဲ့ပြီး ၁၉၉၃ ခုနှစ်တွင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၃၈)သို့ တက်ရောက်ခဲ့ပါသည်။ ပညာအရည်အချင်းအားဖြင့် စစ်တက္ကသိုလ်မှ B.Sc (D.S.A) ဘွဲ့ ရရှိခဲ့ပြီး ရန်ကုန် တက္ကသိုလ်တွင် P.D.C.S ( Second Semester) အထိ တက်ရောက်အောင်မြင်ခဲ့ပါသည်။ ၁၉၉၇ ခုနှစ်၌ တပ်မတော်(ကြည်း)တွင် ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်ခြင်းခံရပြီး အမှတ်(၂) တင့်ကားတပ်ရင်း၊ အမြောက်နှင့် သံချပ်ကာယန္တယားတပ်ဖွဲ့ ညွှန်ကြားရေး မှူးချုပ်ရုံး၊ သံချပ်ကာယန္တယား သင်တန်းကျောင်းတို့တွင် ဗိုလ်ကြီးအဆင့်ထိ တာဝန် ထမ်းဆောင်ခဲ့ပါသည်။ ၂၉-၃-၂၀၀၄ ရက်နေ့တွင် တပ်မတော်မှ နယ်ဘက်သို့ လွှဲပြောင်းတာဝန် ထမ်းဆောင်ခဲ့ပါသည်။ ၃၀-၃-၂၀၀၄ ရက်နေ့တွင် ယခင် ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့၊ ဝန်ထမ်းရေးရာဦးစီးဌာန၌ လက်ထောက်ညွှန်ကြားရေးမှူး ရာထူး အဆင့်ဖြင့်လည်းကောင်း၊ ၃၀-၄-၂၀၀၈ ရက်နေ့တွင် ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့၊ ရုံးအဖွဲ့၌ အဖွဲ့ခွဲမှူး (ဒုတိယညွှန်ကြားရေးမှူး)ရာထူးဖြင့်လည်းကောင်း၊ ၁၁-၄-၂၀၀၉ ရက်နေ့တွင် ရုံးအဖွဲ့၌ ဒုတိယရုံးအဖွဲ့မှူး (ဒုတိယညွှန်ကြားရေးမှူး) ရာထူးအဆင့်ဖြင့်လည်းကောင်း၊ ၁-၉-၂၀၁၀ ရက်နေ့တွင် ဝန်ထမ်းရေးရာဦးစီးဌာန၌ ညွှန်ကြားရေးမှူးရာထူးအဆင့်ဖြင့်လည်းကောင်း၊ ၁-၁၁-၂၀၁၆ ရက်နေ့ တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ရုံးအဖွဲ့မှူး/ ဒုတိယအမြဲတမ်းအတွင်းဝန်/ ဒုတိယညွှန်ကြားရေး မှူးချုပ် ရာထူးအဆင့်ဖြင့်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ယခုအခါ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီရုံး၏ ၁-၇-၂၀၂၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၁၁၆/၂၀၂၂ အရ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌရုံးအဖွဲ့တွင် ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။