ကိုယ်ရေးအချက်အလက်

အမည် ဦးအောင်တင်စိုး
ရာထူး အမြဲတမ်းအတွင်းဝန်/တာဝန်ခံညွှန်ကြား​ရေးမှူးချုပ်
တာဝန်ထမ်းဆောင်ခဲ့သည့် ကာလ ၂၁–၁-၂၀၂၀ မှ ယနေ့ထိ

ဦးအောင်တင်စိုးကို ၁၉၆၄ ခုနှစ်၊ ဧပြီလ (၂၄) ရက်နေ့၌ မိဘနှစ်ပါးဖြစ်သူ ဦးညိုကြီးနှင့် ဒေါ် ရီ တို့မှတောင်သာမြို့တွင် မွေးဖွားခဲ့ပါသည်။ ၁၉၈၅ ခုနှစ်တွင် မကွေးဒီဂရီ ကောလိပ် (ယခုမကွေး တက္ကသိုလ်)မှ သိပ္ပံဘွဲ့(ဓာတုဗေဒ)ကို ရရှိခဲ့ပြီး ၁၉၈၇ ခုနှစ်တွင် တပ်မတော် (ကြည်း) ဗိုလ်သင်တန်း ကျောင်း(မှော်ဘီ)၌ ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၇၅)ကို တက်ရောက် အောင်မြင်ခဲ့ကာ ၁၉၈၈ ခုနှစ်၊ မေလတွင် တပ်မတော်(ကြည်း)၌ ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်ခြင်းခံရပါသည်။ တပ်မတော်တွင် ရာထူးအဆင့်ဆင့်တိုးမြှင့်ခံရပြီးနောက် ဗိုလ်မှူးကြီး အဆင့်ဖြင့် ၂၀၁၂ ခုနှစ်၊ ဧပြီလမှ ၂၀၁၃ ခုနှစ်၊ မတ်လအထိ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် သင်တန်းအမှတ်စဉ် (၁၁)သို့ တက် ရောက် ခဲ့ပြီး မဟာဝိဇ္ဇာ(ကာကွယ်ရေးပညာ)ဘွဲ့ကို ရရှိခဲ့ပါသည်။  ၁၉၈၈ ခုနှစ်၊ မေလ(၁၃)ရက် နေ့မှ ၂၀၁၃ ခုနှစ်၊ ဇွန်လ(၂၁)ရက်နေ့ထိ တပ်မတော်တာဝန်များကို (၂၆)နှစ်ခန့် ထမ်းဆောင်ခဲ့ပါသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့တွင် ၂၂-၆-၂၀၁၃ ရက်နေ့မှ ၃၁-၃-၂၀၁၇ ရက်နေ့ထိ ဗဟိုဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်)၌ လည်းကောင်း၊ ၁-၄-၂၀၁၇ ရက်နေ့မှ ၂၀-၁-၂၀၂၀ ရက်နေ့အထိ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၌ လည်းကောင်း ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်း ဆောင်ခဲ့ပါသည်။ ပါမောက္ခချုပ်တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ၂၀၁၆ – ၂၀၁၈ ပညာသင် နှစ်တွင် မိတ္ထီလာစီးပွားရေး တက္ကသိုလ်မှ ဦးစီး၍ မန္တလေးတက္ကသိုလ်၌ ဖွင့်လှစ်သည့် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုမဟာဘွဲ့သင်တန်းကို တက်ရောက်အောင်မြင်ခဲ့ပြီး ၂၆–၁-၂၀၁၉ ရက်နေ့တွင် MPA (Master of Public Administration) ဘွဲ့ကိုရရှိခဲ့ပါသည်။ ၂၁-၁-၂၀၂၀ ရက်နေ့မှ စတင်၍ ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေးဦးစီးဌာနတွင် ညွှန်ကြားရေးမှူးချုပ်တာဝန်များကို ထမ်းဆောင်လျက် ရှိပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁၉-၈-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၂၄၆/၂၀၂၁ အရ အမြဲတမ်းအတွင်းဝန်အဖြစ် ပူးတွဲ တာဝန်ပေးအပ်ခြင်းခံရပြီး ၂၀-၈-၂၀၂၁ ရက်နေ့ မှစ၍ အမြဲတမ်း အတွင်းဝန်တာဝန်ကို ပူးတွဲထမ်းဆောင်လျက်ရှိပါသည်။

ပြည်ပအတွေ့အကြုံများအဖြစ် ၄-၈-၂၀၀၀ ရက်နေ့မှ ၁၀-၈-၂၀၀၀ ရက်နေ့အထိ ရုံးကိစ္စတာဝန် (Delegation) ဖြင့် စင်ကာပူနိုင်ငံသို့ လည်းကောင်း၊ ၂၂-၉-၂၀၁၂ ရက်နေ့မှ ၃၀-၉-၂၀၁၂ ရက်နေ့ထိ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် သင်တန်းသားများ လေ့လာရေးခရီးစဉ်အဖြစ် တရုတ်နိုင်ငံ၊ စီချွမ် ပြည်နယ်နှင့် ယူနန်ပြည်နယ်များသို့  လည်းကောင်း၊ ၁၀- ၅- ၂၀၁၇ ရက်နေ့မှ ၂၇- ၅-၂၀၁၇ ရက်နေ့ထိ JICA အစီအစဉ်ဖြင့် ဖွင့်လှစ်သော Governmental Human Resource Management for Senior Officials(A) 2017 သင်တန်းတက်ရောက်ရန် ဂျပန်နိုင်ငံ၊ တိုကျိုမြို့သို့လည်းကောင်း၊ ၂၂- ၇- ၂၀၁၉ ရက်နေ့မှ ၂၃-၇-၂၀၁၉ ရက်နေ့ထိ GRIPS အစီအစဉ်ဖြင့် ဖိလစ်ပိုင်နိုင်ငံတွင် (၂)ရက်ကြာ ကျင်းပ ပြုလုပ်သည့် “Knowledge Creation Workshop 2019 of LEADING Asia Project” သို့ လည်းကောင်း၊ ၅- ၁၂- ၂၀၁၉ ရက်နေ့မှ ၆- ၁၂- ၂၀၁၉ ရက်နေ့ထိ “Knowledge Creation Workshop of Leading Asia Project”(LA Project)အတွက် ဂျပန်နိုင်ငံသို့  လည်းကောင်း သွားရောက်ခဲ့ပါသည်။

ဦးအောင်တင်စိုးနှင့် ဇနီး ဒေါ်ခင်မိုးမိုး တို့မှ သား မောင်ဘုန်းမြတ်မင်းနှင့် မောင်သော်ဇင်ညွန့်တို့ (၂)ဦး ထွန်းကားခဲ့ပါသည်။