နိုင်ငံ့၀န်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင် အခြေခံပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၁၀၀) သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၂ခုနှစ် ဒီဇင်ဘာလ(၅)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်၌ ရတနာသိင်္ဃခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် တက်ရောက်၍ သင်တန်းဖွင့် အမှာစကားပြောကြားခဲ့ပါသည်။