နိုင်ငံ့၀န်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တွင် အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေးသင်တန်း အမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၁၆)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန် ရတနာသိင်္ဃခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် တက်ရောက်၍ သင်တန်းဖွင့် အမှာစကားပြောကြားပါသည်။