ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ၂၀၂၂ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိတ် စိုက်ထည့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၀၈:၃၀)နာရီအချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ရုံး၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေနှင့် အဖွဲ့ဝင်များ ဖြစ်ကြသော ဦးစစ်အေး၊ ဦးဆန်းမြင့်၊ ဒေါ်ခင်မျိုးမြင့်၊ ဦးရဲနိုင်၊ ဦးစိုးတင့်၊ သူရဦးဘိုနီ၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ တက်ရောက် ကြသည်။ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ဝန်ထမ်းများမှ ကံ့ကော်၊ ကျွန်း၊ မဟော်ဂနီ၊ ခရေ၊ မယ်ဇယ်၊ ပိတောက်၊ တည်ပင်၊ စက္ကူပန်းပင် စသော နှစ်ရှည်ပင်၊ ပန်းအလှပင်နှင့် အရိပ်ရလေကာပင် စုစုပေါင်း (၃၀၀) ပင်ကို သတ်မှတ်နေရာ များအလိုက် စိုက်ပျိုးကြပါသည်။ ဆက်လက်၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌသည် တာဝန်ရှိ သူများနှင့်အတူ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရှိ ဆည်အမှတ်(၂၆)အတွင်း ငါးသယံဇာတများ မြှင့်တင် နိုင်ရေး ငါးမျိုးစိတ်စိုက်ထည့်ခြင်း အစီအစဉ်အဖြစ် ငါးမြစ်ချင်း စုစုပေါင်းကောင်ရေ (၂၀၅၀၀) စိုက်ထည့်ပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။