October 2023

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသင်တန်းအမှတ်စဉ် (၁၃)နှင့်အဆင့်မြင့်အရာထမ်း သင်တန်းအမှတ်စဉ်(၁၄) တို့၏ သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခြင်း

By |2023-10-11T17:59:38+06:30October 11th, 2023|News & Events|

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသင်တန်းအမှတ်စဉ် (၁၃)နှင့်အဆင့်မြင့်အရာထမ်းသင်တန်း အမှတ်စဉ်(၁၄) တို့၏ သင်တန်းဆင်းပွဲအခမ်းအနားကို ၇-၇-၂၀၂၃ ရက်နေ့တွင် နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်(အထက်မြန်မာပြည်)၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ ဦးစစ်အေးတက်ရောက်၍ သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပါသည်။

စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများ ဖြည့်သွင်းရမည့် ကိုယ်ရေးပုံစံ

By |2023-10-11T16:59:01+06:30October 11th, 2023|News & Events|

စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများ ဖြည့်သွင်းရမည့် ကိုယ်ရေးပုံစံအား Download ရယူကြည့်ရှုနိုင်ပါသည်။ Download Here

စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများအတွက် အကြောင်းကြားစာ

By |2023-10-11T16:50:17+06:30October 11th, 2023|News & Events|

စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများ အတွက်  အကြောင်းကြားစာကို Download ရယူကြည့်ရှုနိုင်ပါသည်။ Download Here

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အစည်း(၂၀)ခု၊ ကြေညာချက်အမှတ်(၈/၂၀၂၃) အတွက် စိတ်အခြေအနေနှင့် လူတွေ့ စစ်ဆေးမှုခံယူမည့်သူများ အမည်စာရင်း ကြေညာခြင်း

By |2023-10-11T16:39:06+06:30October 11th, 2023|News & Events|

အသေးစိတ်အား Download ရယူကြည့်ရှုနိုင်ပါသည်။ Download

ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာနှစ်ပထမအကြိမ် လေးလပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

By |2023-10-11T16:29:59+06:30October 11th, 2023|News & Events|

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ၂၀၂၃ -၂၀၂၄ ခု ဘဏ္ဍာနှစ်ပထမအကြိမ် လေးလပတ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ(၆)ရက်၊ (၁၀:၀၀)နာရီတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်က ပြည်ထောင်စုရာထူးဝန်အဖွဲ့ အနေဖြင့် နိုင်ငံ့ဝန်ထမ်းများရွေးချယ်ရေး၊ လေ့ကျင့်ရေး၊ သင်ကြားရေးဆိုင်ရာလုပ်ငန်းများအပေါ် အဓိက ထား၍ ဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း၊ အဖွဲ့၏ ကွပ်ကဲမှုအောက်ရှိ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်သည် မြန်မာနိုင်ငံတွင် တစ်ခုတည်းသော ဝန်ထမ်းတက္ကသိုလ်ဖြစ်ပြီး မြန်မာနိုင်ငံမှာရှိသည့် ဝန်ထမ်း အဖွဲ့အစည်းအားလုံးရှိ နိုင်ငံ့ဝန်ထမ်းအားလုံး ကဏ္ဍအလိုက်၊ အဆင့်အလိုက်လုပ်ငန်းများကို မှန်မှန်

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ကွန်ပျူတာအဆင့်မြင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း

By |2023-10-11T16:27:26+06:30October 11th, 2023|News & Events|

ပြည်ထောင်စုရာထူးဝန်အဖွဲ့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည် စဉ်ဆက်မပြတ်တိုးတက်မြင့်မားစေရန်၊ လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်စေရန်၊ ကွန်ပျူတာအခြေခံတတ်မြောက်ပြီးသည့်  အရာထမ်း၊ အမှုထမ်းများအနေဖြင့် လက်တွေ့ ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် ထိရောက်လျင်မြန်မှုရှိစေရန်ရည်ရွယ်၍ ဖွင့်လှစ်သည့် ကွန်ပျူတာ အဆင့်မြင့်သင်တန်းအမှတ်စဉ် (၁ / ၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀:၀၀) နာရီ၌ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ရုံးအမှတ်(၁၇)၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးစစ်အေး၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးဆန်းမြင့်၊ ဒေါ်ခင်မျိုးမြင့် ဦးရဲနိုင်၊ ဦးစိုးတင့်၊ သူရဦးဘိုနီ၊ ဦးသန်းဝင်း၊

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝန်ထမ်းမိသားစုများ၏ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲ ကျင်းပခြင်း

By |2023-10-11T16:24:06+06:30October 11th, 2023|News & Events|

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ဝန်ထမ်းမိသားစုများ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ ရန်ကုန်ရုံးခွဲတွင် ၁၆-၇-၂၀၂၃ ရက်တွင်လည်းကောင်း၊ နေပြည်တော်ရှိ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ စုပေါင်းခန်းမ၌ ၂၀-၇-၂၀၂၃ ရက်တွင် လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားများသို့ ရန်ကုန်တိုင်းဒေသကြီး၊ရွှေပြည်သာမြို့နယ်၊သီရိမင်္ဂလာပရိယတ္တိ စာသင်တိုက် ဆရာတော်ဘဒ္ဒန္တတ ခေမာစာရ အမှူးပြုသည့် ပင့်သံဃာတော်(၁၀) ပါးတို့အားလည်းကောင်း၊ ပျဉ်းမနားမြို့၊ ကင်ပွန်းတန်းရပ်၊ ကင်ပွန်းတန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ တေဇနိယ အမှူးပြုသည့် အိုးဘိုဂူတောရကျောင်းတိုက်နှင့် ကင်ပွန်းတန်းကျောင်းတိုက်တို့မှ ပင့်သံဃာတော်(၁၅)ပါးတို့အားလည်းကောင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ ဦးစစ်အေး နိုင်ငံ့ဝန်ထမ်းပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်အရာထမ်းရာထူးများအတွက် ရေးဖြေစာမေးပွဲ ကျင်းပဖြေဆိုမှုများအား လှည့်လည်ကြည့်ရှုအားပေးခြင်း

By |2023-10-11T16:18:42+06:30October 11th, 2023|News & Events|

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ ဦးစစ်အေး နိုင်ငံ့ဝန်ထမ်းပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်အရာထမ်းရာထူးများအတွက်  ရေးဖြေစာမေးပွဲ ကျင်းပဖြေဆိုမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပါသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ (၁၆)ကြိမ်မြောက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခြင်း

By |2023-10-11T16:12:33+06:30October 11th, 2023|News & Events|

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏(၁၆)ကြိမ်မြောက်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ၃-၇-၂၀၂၃ ရက်၊ နံနက် (၀၈ : ၀၀)နာရီတွင်နေပြည်တော်ရှိ  ပြည်ထောင်စုရာထူးဝန်အဖွဲ့၌ကျင်းပရာပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌဦးစစ်အေး၊အဖွဲ့ဝင်များဖြစ်ကြသည့်ဦးဆန်းမြင့်၊ဒေါ်ခင်မျိုးမြင့်၊ဦးရဲနိုင်၊ဦးစိုးတင့်၊သူရဦးဘိုနီ၊ဦးသန်းဝင်း၊အမြဲတမ်းအတွင်းဝန်၊ညွှန်ကြားရေးမှူးချုပ်များ၊ဒုတိယအမြဲတမ်းအတွင်းဝန်၊ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊အရာထမ်း၊အမှုထမ်းများတက်ရောက် ကြပါသည်။ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင်ဥက္ကဋ္ဌဦးစစ်အေးကရာသီဥတုညီညွတ်မျှတစေခြင်း၊သဘာ၀ပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကိုထိန်းညှိပေးခြင်း၊အေးမြသောအရိပ်အာဝါသနှင့် မျက်စိပသာဒဖြစ်စေခြင်း၊လူသားတို့အတွက် အထောက်အပံ့ကောင်းများရရှိစေသောကြောင့်နှစ်စဉ်သစ်ပင်များစိုက်ပျိုးရန်မှာမဖြစ်မနေလုပ်ဆောင်ရမည့် တာဝန်ဖြစ်ပါကြောင်း၊ယနေ့အချိန်အခါတွင်ကမ္ဘာတစ်ဝှမ်းရင်ဆိုင်နေရသည့် ရာသီဥတုပြောင်းလဲခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုဆိုင်ရာ ပြဿနာများ၏ အဓိကအကြောင်းအရင်းသည် သစ်တောများပြုန်းတီးမှု၊ ဖန်လုံအိမ်ဓာတ်ငွေ့များကမ္ဘာ့လေထုထဲတွင် တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာသည့်အတွက် သစ်တောများထိန်းသိမ်းရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းလာကြပါကြောင်း၊သစ်ပင်သစ်တောများနှင့်ရာသီဥတုပြောင်းလဲမှုတို့၏အပြန်အလှန်အကျိုးဖြစ်ထွန်းမှုဂေဟစနစ်များတိုးတက်လာစေရန်နှစ်အလိုက်သစ်ပင်များပုံမှန်စိုက်ပျိုးသွားရန်နှင့်စိုက်ပျိုးပြီးသစ်ပင်များကိုလည်းရှင်သန်ဖြစ်ထွန်းစေရေးဝန်ထမ်းများအားလုံးမှဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်သွားကြရန်အထူးလိုအပ်ပါကြောင်းမှာကြားခဲ့ပြီးဥက္ကဋ္ဌရုံးအဖွဲ့နှင့်ဦးစီးဌာနများမှဝန်ထမ်းများသစ်ပင်စိုက်ပျိုးရန်အတွက်ပျိုးပင်များကိုအမြဲတမ်းအတွင်းဝန်နှင့်သက်ဆိုင်ရာဌာနအလိုက်ညွှန်ကြားရေးမှူးချုပ်များထံသို့ပေးအပ်ပါသည်။၎င်းနောက်ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌဦးစစ်အေးသည်သတ်မှတ်နေရာ၌ရတနာတန်းဝင်ကျွန်းပင်ကိုစတင်စိုက်ပျိုးပေးပါသည်။ ထို့နောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည်အမြဲတမ်းအတွင်းဝန်၊ညွှန်ကြားရေးမှူးချုပ်များလိုက်ပါလျက်အရာထမ်း၊အမှုထမ်းများသစ်ပင်စိုက်ပျိုးနေမှုများအားလှည့်လည်ကြည့်ရှုအားပေးပါသည်။ပြည်ထောင်စုရာထူးဝန်အဖွဲ့၏မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင်ဝန်ထမ်းများမှကျွန်း၊မဟော်ဂနီ၊ခရေ၊ ကံ့ကော်၊ပျဉ်းကတိုး၊ပိတောက်၊အင်ကြင်းပင်စသောနှစ်ရှည်ပင်၊ပန်းအလှပင်နှင့်အရိပ်ရလေကာပင်စုစုပေါင်း (၂၆၆) ပင်ကိုသတ်မှတ်နေရာများအလိုက်စိုက်ပျိုးခဲ့ပါသည်။

ကြော်ငြာစာအမှတ် (၃/၂၀၂၃) နှင့် (၄/၂၀၂၃) လျှောက်ထားသူများအားလုံး OES (Online Exam System) Mockup Test စမ်းသပ်ဖြေဆိုရန်အသိပေးကြေညာချက်

By |2023-10-11T16:07:14+06:30October 11th, 2023|News & Events|

အသေးစိတ်အား Download ရယူကြည့်ရှုနိုင်ပါသည်။ Download Here  

Go to Top