အာဆီယံနိုင်ငံ နိုင်ငံ့ဝန်ထမ်းဆိုင်ရာတက္ကသိုလ်များအကြားဖွဲ့စည်းထူထောင်ထားရှိသော Network Of Public Service Training Institute (PSTI)၏ နှစ်စဉ်ပုံမှန်ကျင်းပမြဲ ဖြစ်သော Roundtable for Head of ASEAN PSTI အစည်းအဝေးအား ၆-၁၁-၂၀၂၀ ရက်နေ့၌ အလှည့်ကျအိမ်ရှင်ဖြစ်သော စင်ကာပူနိုင်ငံ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (Civil Service College(CSC)) မှ ဉီးဆောင်၍ Online ဖြင့် ကျင်းပရာ ဤတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်(သင်ကြားရေး)ဒေါက်တာ ခင်မာမျိုး တက်ရောက်ခဲ့ပြီး COVID-19 ကူးစက်မြန်ရောဂါ ထိန်းချုပ်ကုသခြင်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း သင်တန်းများအား ပုံသဏ္ဍာန်ပြောင်းလဲဖွင့်လှစ်နိုင်ရေး ဆိုင်ရာကိစ္စရပ်များအပေါ် ပါဝင်ဆွေးနွေးခဲ့ပါသည်။