




ပြည်ထောင်စုရာထူးဝန်အဖွဲ့အကြောင်း
ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေကို ၂ဝဝ၈ ခုနှစ်၊ ပြည်ထောင်စုသမ္မ မြန်မာနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၄၃ အရ ၂၈-၁၀-၂၀၁၀ ရက်စွဲနေ့တွင် နိုင်ငံတော်အေးချမ်း သာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ်၂၄/၂၀၁၀ ဖြင့် ပြဌာန်းခဲ့ပါသည် ။ ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် ၁၉၇၇ ခုနှစ်၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေး အဖွဲ့ဥပဒေအရ ဖွဲ့စည်းခဲ့သောဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ကို ဆက်ခံသောအဖွဲ့ ဖြစ်ပါသည်။ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေအရ အဖွဲ့ကို ဥက္ကဋ္ဌ အပါအဝင်အဖွဲ့ဝင် အနည်းဆုံး(၅)ဦးမှ အများဆုံး(၇)ဦးဖြင့် ဖွဲ့စည်းရပါမည်။ အဖွဲ့၏တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေ အခန်း(၃) တွင် ပြဌာန်းထားပါသည်။ ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် နိုင်ငံ့ဝန်ထမ်းဆိုင်ရာ အာဆီယံ ကွန်ဖရင့်တွင် မြန်မာနိုင်ငံကိုယ်စားပြု ဆက်သွယ်ဆောင်ရွက်နေသာ အဖွဲ့အစည်းဖြစ်ပါသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ မျှော်မှန်းချက်
နိုင်ငံတော်၏ စဉ်ဆက်မပြတ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လွတ်လပ်၍ စွမ်းရည်ပြည့်ဝသော၊ ယှဉ်ပြိုင်မှုရှိ၍ စည်းကမ်းကောင်းသောနိုင်ငံ့ဝန်ထမ်းများဖြစ်စေရေး တည်ဆောက် ပျိုးထောင်ပေးရန်၊
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ဦးတည်ချက် နှင့် ရည်မှန်းချက်
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ အခန်း(၃)ပုဒ်မ ၈၊ ပုဒ်မ ၉ နှင့် ပုဒ်မ ၁၀ တို့တွင် အောက်ပါအတိုင်း အဖွဲ့၏တာဝန်နှင့် လုပ်ပိုင်ခွင့်များကို သတ်မှတ်ပြဌာန်းထားရှိပါသည်
အဖွဲ့၏ ဦးတည်ချက်
- စတင်ခန့်ပြန်တမ်းဝင်အရာရှိအဆင့် ဝင်ပေါက်ရာထူးများ ရွေးချယ်ခန့် ထားရေး နှင့် နိုင်ငံ့ဝန်ထမ်းများ၏ ရာထူးတိုးမြှင့်ခြင်း၊ ဌာနပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခြင်း၊ ဝန်ထမ်းရေးရာခံစားခွင့် စသည်တို့နှင့် စပ်လျဉ်းသည့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများကို စီမံခန့်ခွဲဆောင်ရွက်ရန်။
- နိုင်ငံ့ဝန်ထမ်းရာထူးအဆင့်ဆင့်အတွက် သင်တန်းများပို့ချရေး၊ အလယ်အလတ်အဆင့်နှင့် အဆင့်မြင့်အရာထမ်းများအတွက် လေ့ကျင့်ရေးအစီအစဉ်များ၊ ညှိနှိုင်းဆွေးနွေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများ ပါဝင်တက်ရောက်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန်။
- နိုင်ငံ့ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန် ရည်ရွယ်လျက် လေ့ကျင့်သင်ကြားရေး ဆိုင်ရာသင်တန်းများနှင့် ပညာရေး အစီအစဉ်များကို ဆောင်ရွက်ရန်။
- နိုင်ငံ့ဝန်ထမ်းများအား တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ စီမံခန့်ခွဲမှုပြုနိုင်ရန်နှင့် နိုင်ငံ့ဝန်ထမ်းများ ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အကြံပြု ဆွေးနွေးချက်များဖြင့် ဆွေးနွေးအကြံပြုပေးနိုင်ရန်။
အဖွဲ့၏ ရည်မှန်းချက်
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ရည်မှန်းချက်မှာ အောက်ပါအတိုင်းဖြစ်သည်-
- တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှအပ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများတွင် ခန့်ထားနိုင်ရန်အတွက် အရည်အချင်းပြည့်ဝသော ပြန်တမ်းဝင်အရာရှိများ စုဆောင်းရွေးချယ်ပေးရန်၊
- နိုင်ငံတော်အစိုးရအဖွဲ့၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များအပေါ် မူတည်ပြီး ပြည်သူ့ဝန်ထမ်းများ စွမ်းဆောင်ရည် ပိုမိုမြှင့်တင်နိုင်ရေး၊ ပြည်သူ့ ဝန်ထမ်းတစ်ဦး၏ အဓိက စံတန်ဖိုးများဖြစ်သည့် ရိုးသားခြင်း (Honesty)၊ ဖြောင့်မတ်သမာဓိ ရှိခြင်း (Integrity)၊ ဓမ္မဓိဋ္ဌာန်ကျစွာပြုမူခြင်း (Objectivity)၊ ဘက်မလိုက်ခြင်း (Impartiality) တို့ကို ပိုမိုခံယူကျင့်သုံး တန်ဖိုးထားတတ် စေရေးဆောင်ရွက်ရန်၊
- ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥပဒေ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်း ဥပဒေများနှင့် အညီ ပြည်သူ့ဝန်ထမ်း များအား ပြည်သူ့ဝန်ကိုထမ်းမည့်သူ၊ ပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးမည့်သူဟူသည့် စိတ်ဓာတ်မျိုးထားရှိနိုင်ရေးနှင့် ပိုမိုကောင်းမွန်သော Service Delivery ပေးနိုင်သော ပြည်သူ့ဝန်ထမ်းကောင်းများ ဖြစ်စေရေး ထိရောက်စွာ လေ့ကျင့်ပျိုးထောင်ပေးရန်၊
- ဝန်ထမ်းများ၏ အရည်အသွေးနှင့် စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးအတွက် ပြည်တွင်း၌ သင်တန်းများဖွင့်လှစ်ခြင်း၊ နိုင်ငံခြားပညာတော်သင်များ စေလွှတ်ခြင်း၊ ဆွေးနွေးပွဲများနှင့် နှီးနှောဖလှယ်ပွဲများ ကျင်းပခြင်း စီမံဆောင်ရွက်ရန်၊
- ဝန်ထမ်းဆိုင်ရာကျင့်ဝတ်များ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ စံနှုန်းများ သတ်မှတ်ရေးနှင့် မူဝါဒလမ်းညွှန်ချက်များ ချမှတ်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအား အထောက်အကူ ပြုရန်။
အဖွဲ့၏ တာဝန်များ
အဖွဲ့၏တာဝန်များအနေဖြင့် အောက်ပါအတိုင်းဖြစ်သည်-
- ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ ပုဒ်မ ၃ ပါ နိုင်ငံ့ဝန်ထမ်းများကို စနစ်တကျရွေးချယ်ခြင်း၊
- ဝန်ထမ်းများအား ထိရောက်စွာ လေ့ကျင့် ပျိုးထောင်ပေးခြင်း၊
- ဝန်ထမ်းဆိုင်ရာ ကျင့်ဝတ်များ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ စံနှုန်းများသတ်မှတ်ရေး နှင့် မူဝါဒလမ်းညွှန်ချက်များ ချမှတ်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့အား အထောက်အကူပြုခြင်း၊
- ဝန်ထမ်းရေးရာကိစ္စရပ်များ နှင့် စပ်လျဉ်း၍ သုတေသနပြုခြင်း၊
- ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်ဖြင့် ဝန်ထမ်းရေးရာကိစ္စရပ်များ နှင့် စပ်လျဉ်း၍ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊
- ဝန်ထမ်းအဖွဲ့အစည်းများ မေးမြန်းလာသည့် ဝန်ထမ်းရေးရာကိစ္စရပ်များကို စိစစ်ပြီး တည်ဆဲစည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ပြန်ကြားခြင်း၊
- ဝန်ထမ်းများအား အရေးယူခြင်းဆိုင်ရာကိစ္စများ နှင့် စပ်လျဉ်း၍ မှတ်တမ်းများကို စနစ်တကျထိန်းသိမ်းထားရှိခြင်း၊
- ပြည်ထောင်စုဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ထမ်းအဖွဲ့အစည်းများ၏ ဝန်ထမ်းရွေးချယ်ရေး၊ လေ့ကျင့်ပျိုးထောင်ရေး၊ စည်းကမ်းထိန်းသိမ်းရေးကိစ္စများနှင့် စပ်လျဉ်း၍ စိစစ်ညှိနှိုင်းဆောင်ရွက်ခြင်း၊
- တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရက မိမိတို့က တာဝန်ယူအကောင်အထည်ဖော်ရသည့် လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် နယ်ဘက် ဝန်ထမ်းအဖွဲ့အစည်းများအား ဖွဲ့စည်းခြင်း၊ လိုအပ်သောနယ်ဘက်ဝန်ထမ်းများ ခန့်အပ်ခြင်းတို့ပြုရာတွင် နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပြည်ထောင်စုဥပဒေနှင့် အညီလည်းကောင်း၊ ပြည်ထောင်စုအစိုးရနှင့် ကြိုတင်ညှိနှိုင်း၍လည်းကောင်း ဖွဲ့စည်းခန့်ထားရန် ညှိနှိုင်းဆောင်ရွက်ခြင်း၊
- အဖွဲ့၏ ဆောင်ရွက်ချက်များကို နိုင်ငံတော်သမ္မတထံ နှစ်စဉ်အစီရင်ခံခြင်းနှင့် လိုအပ်ပါက ကြားဖြတ်အစီရင်ခံတင်သွင်းခြင်း၊
- ပြည်ထောင်စုအစိုးရအဖွဲ့က အခါအားလျော်စွာ ပေးအပ်သောတာဝန်များကို ထမ်းဆောင်ခြင်း၊
အဖွဲ့၏ လုပ်ပိုင်ခွင့်များ
ဝန်ထမ်းများအား ခန့်ထားရေးနှင့် အဆင့်တိုးမြှင့်ရေးတို့အတွက် ရွေးချယ်ခြင်းနှင့် စပ်လျဉ်း၍ အဖွဲ့၏ လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-
- မည်သည့်ရာထူးအဆင့် ဝန်ထမ်းများကိုသာ အဖွဲ့က ရွေးချယ်ခွင့်ရှိကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သတ်မှတ်ခြင်း၊
- အဖွဲ့ကသာ ရွေးချယ်ရန် သတ်မှတ်ထားသော ရာထူးအဆင့်မှအပ ကျန်ရာထူးအဆင့်ရှိ ဝန်ထမ်းများအားအဖွဲ့၏ ညွှန်ကြားချက်နှင့် အညီ သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းများက ရွေးချယ်ရန် သတ်မှတ်ခြင်း၊
- ပြည်ထောင်စုဝန်ထမ်းအဖွဲ့အစည်းများအား ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ ပုဒ်မ ၉ ၊ ပုဒ်မခွဲ (ခ)အရ သတ်မှတ်ရာထူးအတွက် ဝန်ထမ်းများကို သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးက အဖွဲ့ဖွဲ့စည်း၍ ရွေးချယ်ရန်လွှဲအပ်ခြင်း၊
- ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ (ဇ) ပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ ပုဒ်မ ၈၊ ပုဒ်မခွဲ (ဈ) ပါ ဝန်ထမ်းများကို ခန့်အပ်လိုသည့်ကိစ္စများတွင် အဖွဲ့၏ ညွှန်ကြားချက်နှင့် အညီ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ထမ်း အဖွဲ့အစည်း အကြီးအမှူးများအား ဆောင်ရွက်စေခြင်း၊
- ထူးခြားသည့် အခြေအနေတစ်ရပ်ရပ်ကြောင့် ဝန်ထမ်းအဖွဲ့အစည်းတစ်ခုခုတွင် မည်သည့်အဆင့်ဝန်ထမ်းကိုမဆို ခန့်အပ်ရန် လိုအပ်လျှင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး သို့ ထောက်ခံတင်ပြခြင်း၊
- သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းများက ပြန်တမ်းဝင်အရာရှိအဆင့်သို့တိုးမြှင့်ရေး နှင့် စပ်လျဉ်း၍ ထောက်ခံလာသော ကိစ္စရပ်များကို ရာထူးတိုးမြှင့်ရေးဆိုင်ရာ သတ်မှတ်ချက်များနှင့် အညီ စိစစ်ဆောင်ရွက်ခြင်း။
ဝန်ထမ်းများအား ထိရောက်စွာ လေ့ကျင့်ပျိုးထောင်နိုင်ရေးနှင့် စပ်လျဉ်း၍ အဖွဲ့၏ လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
- ဝန်ထမ်းများအား ထိရောက်စွာ လေ့ကျင့်ပျိုးထောင်နိုင်ရေးအတွက် ဝန်ထမ်း တက္ကသိုလ်များ၊ ဝန်ထမ်းကျောင်းများကို ဖွင့်လှစ်ခြင်း၊
- သင်တန်းများ၊ ဆွေးနွေးပွဲများ နှင့် နှီးနှောဖလှယ်ပွဲများ ကျင်းပဆောင်ရွက်ခြင်း၊
- လေ့ကျင့်ရေးဆိုင်ရာမူဝါဒများ ရေးဆွဲ၍ ပြည်ထောင်စုအစိုးရသို့ တင်ပြအတည်ပြုချက်ရယူဆောင်ရွက်ခြင်း၊
- ပြည်ထောင်စုဝန်ထမ်းအဖွဲ့အစည်းအသီးသီးက ယင်းတို့၏ ဝန်ထမ်းများအတွက်ဖွင့်လှစ်သင်ကြားသည့် ဌာနဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများ နှင့် စပ်လျဉ်း၍ ချမှတ်ထားသည့် လေ့ကျင့်ရေးမူဝါဒများနှင့် အညီပေါင်းစပ်ညှိနှိုင်းခြင်း။
ဖွဲ့စည်းခြင်း
ပြည်ထောင်စုရာထူးဝန်အဖွဲ့ကို အဖွဲ့ ဥက္ကဋ္ဌက ဦးဆောင်၍ စီမံလမ်းညွှန်ကြီးကြပ်မှုဖြင့် အဖွဲ့ဝင်(၆)ဦးဖြင့်လည်းကောင်း၊ ဥက္ကဋ္ဌရုံးအဖွဲ့ကို အရာထမ်း(၅၇) ဦး၊ အမှုထမ်း(၁၁၂) ဦးဖြင့်လည်းကောင်း၊ ဝန်ထမ်းရေးရာဦးစီးဌာနကိုအရာထမ်း(၄၈) ဦး၊ အမှုထမ်း (၁၈၃) ဦးဖြင့်လည်းကောင်း၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဦးစီးဌာနကို အရာထမ်း(၅၂) ဦး၊ အမှုထမ်း(၁၆၄)ဦးဖြင့်လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) နှင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) တို့တွင် အရာထမ်း(၁၆၀) ဦး၊ အမှုထမ်း(၁၁၀၂) ဦးစီဖြင့် လည်းကောင်း ဖွဲ့စည်းထားရှိပါသည်။
တာဝန်ထမ်းဆောင်ခဲ့သော ဥက္ကဋ္ဌများ
-
-
ဦးကာ
(၁၁-၇-၁၉၆၃ မှ ၂၄-၈-၁၉၆၈ ထိ)
-
-
ဦးလွန်းဘော်
(၁-၁-၁၉၄၇ မှ ၈-၃-၁၉၆၃ ထိ)
-
-
ဦးခင်မောင်ဖြူ
(၃-၁-၁၉၇၃ မှ ၉-၄-၁၉၇၇ ထိ)
-
-
ဦးလှိုင်ဟုတ်
(၂-၉-၁၉၆၈ မှ ၂-၁-၁၉၇၃ ထိ)
-
-
ဦးသန်းစိန်
(၅-၅-၁၉၇၇ မှ ၁၂-၁၁-၁၉၈၁ ထိ)
-
-
ဦးမောင်မောင်ကြီး
(၁၂-၁၁-၁၉၈၁ မှ ၈-၇-၁၉၉၉ ထိ)
-
-
ဒေါက်တာသန်းညွန့်
(၉-၇-၁၉၉၉ မှ ၄-၂-၂၀၀၉ ထိ)
-
-
ဦးကျော်သူ
(၅-၂-၂၀၀၉ မှ ၃၀-၃-၂၀၁၆ ထိ)
-
-
ဦးဝင်းသိမ်း
(၅-၄-၂၀၁၆ မှ ၃၁-၁-၂၀၂၁)
-
-
ဦးသန်းဆွေ
(၁-၂-၂၀၂၁ မှ ၁၉-၈-၂၀၂၂ ထိ)
-
-
ဒေါက်တာ မောင်မောင်နိုင်
(၂၀-၈-၂၀၂၂မှ ၁-၂-၂၀၂၃ ထိ)
-
-
ဦးစစ်အေး
(၁-၂-၂၀၂၃ မှ ၃-၈-၂၀၂၃ ထိ)
တာဝန်ထမ်းဆောင်လျက်ရှိသည့် ဥက္ကဋ္ဌ

ဦးအောင်သော်
(၄-၈-၂၀၂၃ မှ ယနေ့ထိ)
ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များ

ဦးဆန်းမြင့်
(၈-၂-၂၀၂၁ မှ ယနေ့အထိ)

ဦးစိုးတင့်
(၈-၂-၂၀၂၁ မှ ယနေ့အထိ)

ဒေါ်ခင်မျိုးမြင့်
(၈-၂-၂၀၂၁ မှ ယနေ့အထိ)

သူရဦးဘိုနီ
(၆-၄-၂၀၂၁ မှ ယနေ့အထိ)

ဦးရဲနိုင်
(၈-၂-၂၀၂၁ မှ ယနေ့အထိ)

ဦးသန်းဝင်း
(၁-၂-၂၀၂၃ မှ ယနေ့အထိ)