ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ဦးဆောင်မှုဖြင့် အာဆီယံအတွင်းရေးမှူး ချုပ်ရုံးနှင့် ပူးပေါင်းလျက် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ဝန်ထမ်းစုဆောင်း ရွေးချယ်ခြင်းနှင့် လေ့ကျင့်သင်ကြားရေးဆိုင်ရာ အဆင့်မြှင့်တင်ခြင်းအလုပ်ရုံ ဆွေးနွေးပွဲကို ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့၊ နံနက် ၀၈:ဝဝ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ရုံးအမှတ် (၁၇) တွင် Virtual Platform ဖြင့် ကျင်းပခဲ့ပါသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသည် အာဆီယံနိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးကဏ္ဍ လုပ်ငန်းစီမံချက် (၂ဝ၂၁-၂ဝ၂၅) အတွက် မြန်မာနိုင်ငံက တာဝန်ယူဆောင်ရွက်သည့် လုပ်ငန်းစီမံချက်တစ်ခုဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံ များရှိ ဝန်ထမ်းစုဆောင်းရွေးချယ်ရေးနှင့် လေ့ကျင့်သင်ကြားရေးစနစ်တို့တွင် တွေ့ကြုံနေရသည့် စိန်ခေါ်မှုများကို ဖော်ထုတ်လေ့လာပြီး ပိုမိုကောင်းမွန် ထိရောက်သော စနစ်ကိုအသုံးပြုရန်၊ ဒစ်ဂျစ်တယ်စနစ်ကို အသုံးပြု၍ အကြံပြု ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို မှတ်တမ်းတင်ရန်နှင့် လူ့စွမ်းအားအရင်း အမြစ်စီမံခန့်ခွဲမှုဆိုင်ရာ နည်းလမ်းများကို မျှဝေရန်နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သော်၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးဆန်းမြင့်၊ သူရဦးဘိုနီနှင့် ဦးကျော်မျိုးထွဋ်၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ အာဆီယံနိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍနှင့် ဆက်စပ်ကဏ္ဍများမှ ပြည်တွင်း၊ပြည်ပ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ အဆင့်မြင့်အရာရှိကြီးများ စုစုပေါင်း (၈ဝ) ဦး တက်ရောက်ခဲ့ကြပါသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပထမပိုင်း၌ ဝန်ထမ်းစုဆောင်းရွေးချယ်ခြင်းကဏ္ဍတွင် လူ့စွမ်းအား အရင်းအမြစ်စီမံခန့်ခွဲမှုဆိုင်ရာ နည်းလမ်းများအား အဆင့်မြှင့်တင်ဆောင်ရွက်မှု အပေါ် ခြုံငုံသုံးသပ်ခြင်းကို ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြား ရေးမှူး ဒေါ်နန်းဖြူဖြူပွင့်က ဦးဆောင်ဆွေးနွေးပြီး ဘရူနိုင်းဒါရုဆလမ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ လာအိုပြည်သူ့ဒီမိုကရက်တစ်နိုင်ငံ၊ မြန်မာ နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ ကိုယ်စားလှယ်များက ကြုံတွေ့နေရသည့် စိန်ခေါ်မှု များအပေါ် လက်ရှိလုပ်ဆောင်လျက်ရှိသည့် အတွေ့အကြုံနှင့် နည်းလမ်းကောင်း များကို အဖွဲ့ဝင်နိုင်ငံများအကြား မျှဝေဖလှယ်ခဲ့ကြပြီး တင်ပြခဲ့သည့် အချက် အလက်များအပေါ် ဦးဆောင်ဆွေးနွေးသူမှ ပြန်လည်ရှင်းလင်းတင်ပြခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲ ဒုတိယပိုင်း၌ လေ့ကျင့်သင်ကြားရေးကဏ္ဍတွင် လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုဆိုင်ရာ နည်းလမ်းများအား အဆင့်မြှင့်တင် ဆောင်ရွက်မှုအပေါ် ခြုံငုံသုံးသပ်ခြင်းကို နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက် မြန်မာပြည်)မှ ပါမောက္ခ ဦးတင်စိုးက ဦးဆောင်ဆွေးနွေးပြီး မလေးရှားနိုင်ငံ၊ မြန်မာနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ် များက လက်ရှိစိန်ခေါ်မှုများနှင့် အလားအလာများအပေါ် မျှဝေဖလှယ်ခဲ့ကြပြီး တင်ပြခဲ့သည့် အချက်အလက်များအပေါ် ဦးဆောင်ဆွေးနွေးသူမှ ပြန်လည် ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ အုပ်စုအလိုက်ဆွေးနွေး၍ ဆွေးနွေးမှု ရလဒ်အား အုပ်စုကိုယ်စားလှယ်တစ်ဦးစီက ပြန်လည်တင်ပြခဲ့ကြပြီး ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင် ဦးကျော်မျိုးထွဋ်က အလုပ်ရုံဆွေးနွေးပွဲ၏ အဓိကအချက် များကို ကောက်နှုတ်သုံးသပ်ကာ ရှေ့လုပ်ငန်းစဉ်များကို တင်ပြခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သော်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ပါသည်။