e-Recruitment and Integrated Civil Service System
မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံ့ဝန်ထမ်းအဖြစ် စတင်ဝင်ရောက်ရန် လျှောက်ထားချိန်မှစ၍ အငြိမ်းစား ယူသည်အထိ နိုင်ငံ့ဝန်ထမ်းများအား စီမံခန့်ခွဲသည့်စနစ်အား Digital Automation စနစ်သို့ သွားနိုင်ရန် ရည်ရွယ်၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ရေးဆွဲခဲ့သည့် “ e-Recruitment and Integrated Civil Service System-ERICSS” သည် နိုင်ငံတော်အဆင့် မဟာဗျုဟာမြောက်သည့် စီမံကိန်းအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပြီး Project Bank Website ဖြစ်သည့် www.projectbank.gov.mm တွင် ၆-၈-၂၀၂၀ ရက်နေ့တွင် ထုတ်လွှင့်ဖော်ပြထားပြီးဖြစ်ပါသည်။ အဆိုပါစီမံကိန်းအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှစတင်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အထိ (၃)နှစ်အတွင်း ဆောင်ရွက်ရန်လျာထားခဲ့သော်လည်း ဘဏ္ဍာရေးနှစ်ပြင်ဆင်ပြောင်းလဲမှုကြောင့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ စီမံကိန်းဒုတိယနှစ်(ပထမပိုင်း)အနေဖြင့်လည်းကောင်း၊ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် စီမံကိန်းဒုတိယနှစ်(ဒုတိယပိုင်း) အနေဖြင့်လည်းကောင်း၊ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် စီမံကိန်းတတိယနှစ်အနေဖြင့်လည်းကောင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
e-Recruitment and Integrated Civil Service System စီမံကိန်းအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှ စတင်၍ တင်ဒါအောင်မြင်သည့် One Cloud Co. Ltd နှင့် ၁၅-၁၂-၂၀၂၀ ရက်နေ့တွင် စာချုပ်ချုပ်ဆို၍ လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ပါသည်။ စီမံကိန်းပထမနှစ်တွင် နည်းပညာဆိုင်ရာ အခြေခံအဆောက်အအုံ (Cloud-Based Infrastructure) နှင့် Integrated Software Application ဝယ်ယူတည်ဆောက်ခြင်း လုပ်ငန်းစဉ်များ ဆောင်ရွက်ခဲ့ရာ စီမံကိန်းပထမနှစ်ဖြစ်သည့် (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်တွင် ICT Infrastructure လုပ်ငန်းဆောင်ရွက်ခြင်းဖြစ်သည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ Cloud Infrastructure အား ငှားရမ်းအသုံးပြု၍ နည်းပညာဆိုင်ရာ လုံခြုံရေး Virtual Machine License များ ဝယ်ယူခြင်း၊ တည်ဆောက်ခြင်းလုပ်ငန်းများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကိုယ်ပိုင် e-Mail စနစ်ထူထောင်ခြင်းလုပ်ငန်းများနှင့် အခြား ICT Infrastructure ဆိုင်ရာ ဆက်စပ်လုပ်ငန်းများကို အောက်ပါအတိုင်း ဆောင်ရွက်ပြီးဖြစ်ပါသည်- (က) Next Generation Firewall Virtual Machine
( ခ) Web Application Firewall Virtual Machine
(ဂ ) E-Mail Security Firewall Virtual Machine
(ဃ) End Point Security Solution
( င) OTP SMS Service
( စ) SLA Monitoring Tool
(ဆ) Cloud Virtual Instance
( ဇ ) Fiber Internet Line at NPT Office
( ဈ) E-Mail Solution (5,000 users)
( ည) Public IP and Bandwidth usage of Cloud Servers
ပြည်ထောင်စုရာထူးဝန်အဖွဲ့တွင် ကိုယ်ပိုင် အီးမေးလ် အသုံးပြုမှုအနေဖြင့် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ (၇)ခု၊ ဥက္ကဋ္ဌရုံးအဖွဲ့နှင့် ဦးစီးဌာနတွင် (၂၁၅)ခု၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တွင် (၂၇၅)ခု၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် (၉၄၇)ခု၊ စုစုပေါင်း(၁၄၃၇)ခု ဖြစ်ပါသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် နိုင်ငံ့ဝန်ထမ်းရွေးချယ်ခြင်း၊ လေ့ကျင့်ခြင်း၊ ရာထူး တိုးမြှင့်ခြင်း၊ ဌာနပြောင်းရွှေ့ခြင်း၊ နိုင်ငံ့ဝန်ထမ်းများအတွက် ဝန်ထမ်းရေးရာဆိုင်ရာဥပဒေများနှင့် နည်းဥပဒေများ ရေးဆွဲပြဋ္ဌာန်းခြင်း၊ ဝန်ထမ်းအဖွဲ့အစည်းများမှ ပေးပို့လာသော ဝန်ထမ်းများအား ရာထူးမှထုတ်ပယ်ခြင်းနှင့် ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်းဆိုင်ရာ စာရင်းဇယားများ မှတ်တမ်းထားရှိ ခြင်း၊ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ ပြည်ပနိုင်ငံများသို့ ပညာသင်သွားရောက်ခဲ့သည့် ဝန်ထမ်းများ ၏အချက်အလက်များကို ဖြည့်သွင်းဆောင်ရွက်ခြင်းစသည့် လုပ်ငန်းများအတွက် စနစ်များကို ရေးဆွဲထားရှိပါသည်။ ထို့အပြင် နိုင်ငံ့ဝန်ထမ်းများ၏အချက်အလက်များကို တစ်နေရာတည်းတွင် တစ်စုတစ်စည်းတည်း စုစည်း၍ စီမံခန့်ခွဲနိုင်ရန်၊ တိုက်ဆိုင်စစ်ဆေးရန်၊ စနစ်တကျ ထိန်းသိမ်း ထားနိုင်ရန်နှင့် သုတေသနပြုခြင်းလုပ်ငန်းများ၌ အထောက်အကူပြုနိုင်ရန်တို့အတွက် ဝန်ထမ်း မှတ်တမ်းထိန်းသိမ်းခြင်းစနစ်လည်းပါရှိရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ အချက်အလက်များ လိုအပ်သလို ရှာဖွေခြင်း၊ မှီငြမ်းကိုးကားခြင်းများ ဆောင်ရွက်နိုင်ရေး ဦးစီးဌာနများနှင့် နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်များအလိုက် စနစ်များကို အောက်ပါအတိုင်း ရေးဆွဲထားရှိပါသည်-
(က) Union Civil Service Board Main Web Portal
(ခ) Civil Service Personnel Database Management System
(ဂ) e-Recruitment and Selection System
(ဃ) Training Management System
(င) Promotion Management System
(စ) Civil Service Law and Rules System
(ဆ) Scholarship Management System
(ဇ) Removal & Dismissal System
(ဈ) Education Web Content Management System for CSAs
(ည) Learning Management System for CSAs
စီမံကိန်းဒုတိယနှစ်(ပထမပိုင်း)ဖြစ်သည့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ (၆)လ ဘတ်ဂျက်ဘဏ္ဍာနှစ်တွင် တင်ဒါအောင်မြင်သည့် Secure Link Co.Ltd နှင့် ၈-၁၂-၂၀၂၁ ရက်နေ့တွင် စာချုပ် ချုပ်ဆိုခဲ့ပြီး အောက်ပါလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်-
(က) ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ရုံးအမှတ်(၁၇)တွင် နည်းပညာဆိုင်ရာအခြေခံ အဆောက် အအုံများ အဆင့်မြှင့်တင်ခြင်း (ပထမအဆင့်) (Upgrading ICT Infrastructure)၊
(ခ) ပထမနှစ်တွင် ရေးဆွဲပြီးဖြစ်သည့် Software များအား အဆင့်မြှင့်တင်ခြင်း၊
ပထမအဆင့်ရေးဆွဲထားရှိသော Software များအား သက်ဆိုင်ရာဦးစီးဌာနများအလိုက် လုံခြုံ စိတ်ချစွာအသုံးပြုနိုင်ရန် Network Infrastructure များ အဆင့်မြှင့်တင်ခြင်း (ပထမအဆင့်)အနေဖြင့် Next Generation Firewall၊ Switch ၊ Router၊ Wireless Access device၊ Video Well and Accessories၊ Fiber Data Cable UTP Cat6 Cable ၊ Network Accessories Desktop/ Laptop computer Portable Projector ၊ Online UPS စသည်တို့ကို ဝယ်ယူခဲ့ပြီး လိုအပ်သည့် Survey တိုင်းတာမှုများဆောင်ရွက်ခြင်း၊ Design များရေးဆွဲခြင်း၊ Hardware ပစ္စည်းများအား တပ်ဆင်ခြင်း၊ Installation ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ Server Room ကို အဆင့်မြှင့်တင်နိုင်ရန်အတွက် လိုအပ်သည့် Raised Floor ခင်းခြင်း၊ Monitoring Videos Wall တပ်ဆင်ခြင်း၊ Server Road များ၊ Installation ပြုလုပ်ခြင်း၊ Fiber Tray, Metel Tray များနှင့် Electornic Panel များတပ်ဆင်ခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ Software များအား အဆင့်မြှင့်တင်ခြင်းအပိုင်းတွင် စနစ်တစ်ခုချင်းစီအတွက် Business Process Re-engineering(BPR) ကောက်ယူခြင်း၊ ယခင်ရေးဆွဲခဲ့သည့် စနစ်များအပေါ်တွင် အခြေပြု၍စနစ်များအား ရေးဆွဲဆောင်ရွက်ခြင်း၊ စမ်းသပ်အသုံးပြုခြင်းနှင့် စနစ်အလိုက် လိုအပ်သည့် အချက်များ ပြန်လည်ဖြည့်သွင်းခြင်းတို့ကို ဆောင်ရွက်ပြီးဖြစ်ပါသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ဆောင်ရွက်လျက်ရှိသည့် Civil Service Personnel Database System၊ e-Recruitment and Selection System၊ Training Management System၊ Promotion Management System၊ Removal and Dismissal Management System၊ Scholarship Management System များကို ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ Main Web Portal တွင် သက်ဆိုင်ရာ ဝန်ကြီးဌာန/ အဖွဲ့အစည်းများအနေဖြင့် User Account များဖြင့် ဝင်ရောက် အသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိပြီးဖြစ်ပါသည်။
ရေးဆွဲပြီးစီးသည့် စနစ်များအလိုက် သက်ဆိုင်ရာ စနစ်တာဝန်ခံများထံအပ်နှံခြင်း၊ စမ်းသပ် အသုံးပြုခြင်း၊ လိုအပ်ချက်များ ပြန်လည်ပြင်ဆင်ခြင်း၊ အသုံးပြုရာတွင် လွယ်ကူမှုရှိစေရေး သင်တန်း များပို့ချခြင်းနှင့် ဝန်ကြီးဌာန/ အဖွဲ့အစည်းများနှင့် စမ်းသပ်အသုံးပြုခြင်းတို့ကို ဆောင်ရွက်လျက် ရှိပါသည်။
စီမံကိန်းဒုတိယနှစ်(ဒုတိယပိုင်း)(Phase-3)ဖြစ်သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အောက် ဖော်ပြပါ လုပ်ငန်းများအား ၉-၆-၂၀၂၂ ရက်နေ့တွင် တင်ဒါအောင်မြင်သည့် Secure Link ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုခဲ့ပြီး အောက်ဖော်ပြပါလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်-
(က) ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ရုံးအမှတ်(၁၇)တွင် နည်းပညာဆိုင်ရာအခြေခံအဆောက် အအုံများအဆင့်မြှင့်တင်ခြင်း(ဒုတိယအဆင့်) (Upgrading ICT Infrastructure)
(ခ) နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များတွင် နည်းပညာဆိုင်ရာ အခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်ခြင်း(ပထမအဆင့်) (Upgrading ICT Infrastructure)
It would be managed that the particular facts for the service personnel can be searched as necessary by the respective ministry and government organization after the project is ultimately made.
ပြည်ထောင်စုရာထူးဝန်အဖွဲ့တွင် ဆောင်ရွက်လျက်ရှိသည့် Integrated
Management System for Civil Service တွင် ပါဝင်သောစနစ်များနှင့်
ပတ်သက်၍ စနစ်တစ်ခုချင်းစီ အတွက် ရှင်းလင်းချက်
အကျဉ်းချုပ်
- ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်ရာထူးများ လျှောက်ထား ဖြေဆိုမည့် ပုဂ္ဂိုလ်များအတွက် ဝန်ကြီးဌာန/ အဖွဲ့အစည်းများတွင် လစ်လပ် ရာထူးနေရာကြေညာချက်များ၊
- စာမေးပွဲအောင် စာရင်းများ၊လူတွေ့/စိတ်စစ်ဆေးခြင်း ကြေညာချက်များ၊
- ရွေးချယ်ခြင်း ကြေညာချက်များ၊
- လိုအပ်ချက် ရံဖန်ရံခါ ကြေညာချက်များကို နောက်ဆုံး အခြေအနေနှင့်အညီ စနစ်နှင့် ပတ်သက်၍ ဝင်ရောက်ကြည့်နိုင်ခြင်း၊
- E-RSS စနစ်အသုံး ပြုနိုင်ရေး တို့အတွက် User Guide အား Download ချရန် ဤနေရာတွင် နှိပ်ပါ၊
ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဦးစီးဌာန၊ ရာထူးတိုးမြှင့်ရေး ဌာနစိတ်အနေဖြင့် ဌာနတွင်းရှိ လစာနှုန်း (၂၃၄၀၀ဝိ-၂၀၀ဝိ-၂၄၄၀၀ဝိ) အဆင့်နှင့် (၂၁၆၀၀ဝိ-၂၀၀ဝိ-၂၂၆၀၀ဝိ) အဆင့် ဝန်ထမ်းများအား ပြန်တမ်းဝင်အရာရှိ လစာနှုန်း (၂၇၅၀၀ဝိ-၄၀၀ဝိ-၂၉၅၀၀ဝိ) အဆင့်သို့ ရာထူးတိုးမြှင့်ပေးမည့်ကိစ္စများကို လက်ရှိ ဆောင်ရွက်လျက်ရှိသည့် Manual စနစ်မှ (Promotion Management System-PMS) စနစ်သို့ ပြောင်းလဲအသုံးပြုဆောင်ရွက်သွားမည် ဖြစ်ပါသည်။
