နိုင်ငံ့ဝန်ထမ်းများဆိုင်ရာအီလက်ထရောနစ်ပေါင်းစည်းစနစ်

(e-Recruitment and Integrated Civil Service System,e-RICSS)

ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် နိုင်ငံ့ဝန်ထမ်းများဆိုင်ရာ အီလက်ထရောနစ်ပေါင်းစည်းစနစ်(e-Recruitment and Integrated Civil Service System, e-RICSS)စီမံကိန်းအား နိုင်ငံတော်စီးပွားရေးရာပေါင်းစပ်ညှိနှိုင်းရေးကော်မတီ သို့ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့တွင် ပေးပို့ခဲ့ရာ နိုင်ငံတော်၏ မဟာဗျူဟာမြောက်သည့် စီမံကိန်းတစ်ခုအဖြစ် Project Bank တွင် ပါရှိခဲ့ပြီး Project Bank Website ဖြစ်သည့် www.projectbank.gov.mm ၌ ၆-၈-၂၀၂၁ ရက်နေ့တွင် ဖော်ပြခြင်းခံခဲ့ရပါသည်။ အဆိုပါစီမံကိန်းအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှစတင်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အထိ (၃)နှစ် အတွင်း ဆောင်ရွက်ရန် လျာထားခဲ့သော်လည်း ဘဏ္ဍာရေးနှစ် ပြင်ဆင်ပြောင်းလဲမှုကြောင့် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် စီမံကိန်းပထမနှစ်အနေဖြင့်လည်းကောင်း၊ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ စီမံကိန်း ဒုတိယနှစ် အနေဖြင့်လည်းကောင်း၊ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် စီမံကိန်းတတိယနှစ်အနေဖြင့်လည်းကောင်း၊ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် စီမံကိန်းစတုတ္ထနှစ်အနေဖြင့်လည်းကောင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံကိန်းခွင့်ပြုရရှိငွေမှာ မြန်မာ ကျပ်ငွေသန်းပေါင်း (၂၈၇၅.၅)သန်း ဖြစ်ပါသည်။

စီမံကိန်းပထမနှစ်ဖြစ်သည့် (၂၀၂၀-၂၀၂၁)ဘဏ္ဍာနှစ်တွင် နည်းပညာဆိုင်ရာ အခြေခံအဆောက်အအုံ (Cloud-Based Infrastructure) နှင့် Integrated Software Application ဝယ်ယူတည်ဆောက်ခြင်း(ပထမအဆင့်) လုပ်ငန်း စဉ်များ  ဆောင်ရွက်ခဲ့ရာ Cloud-Based Infrastructure Solution အတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ၏ Cloud Infrastructure အား (၂)နှစ် ငှားရမ်းအသုံးပြု၍ နည်းပညာဆိုင်ရာလုံခြုံရေး Virtual Machine License များ ဝယ်ယူခြင်း၊ တည်ဆောက်ခြင်းလုပ်ငန်းများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ကိုယ်ပိုင် e-Mail စနစ်ထူထောင်ခြင်း လုပ်ငန်းများ၊ အခြား ICT Infrastructure ဆိုင်ရာ ဆက်စပ်လုပ်ငန်းများနှင့် Software ရေးဆွဲခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့တွင် ကိုယ်ပိုင် အီးမေးလ် အသုံးပြုမှုအနေဖြင့် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ (၇)ခု၊ ဥက္ကဋ္ဌရုံးအဖွဲ့နှင့် ဦးစီးဌာနတွင် (၂၃၉)ခု၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တွင် (၂၈၁)ခု၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် (၉၄၇)ခု၊ စုစုပေါင်း(၁၄၇၄)ခု ဖြစ်ပါသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့်  နိုင်ငံ့ဝန်ထမ်းရွေးချယ်ခြင်း၊ လေ့ကျင့်ခြင်း၊ ရာထူး တိုးမြှင့်ခြင်း၊ ဌာနပြောင်းရွှေ့ခြင်း၊ နိုင်ငံ့ဝန်ထမ်းများအတွက် ဝန်ထမ်းရေးရာဆိုင်ရာဥပဒေများနှင့် နည်းဥပဒေများ ရေးဆွဲပြဋ္ဌာန်းခြင်း၊  ဝန်ထမ်းအဖွဲ့အစည်းများမှ ပေးပို့လာသော ဝန်ထမ်းများအား ရာထူးမှထုတ်ပယ်ခြင်းနှင့် ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်းဆိုင်ရာ စာရင်းဇယားများ မှတ်တမ်းထားရှိ ခြင်း၊  ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ ပြည်ပနိုင်ငံများသို့ ပညာသင်သွားရောက်ခဲ့သည့် ဝန်ထမ်းများ ၏အချက်အလက်များကို ဖြည့်သွင်းဆောင်ရွက်ခြင်းစသည့် လုပ်ငန်းများအတွက် စနစ်များကို ရေးဆွဲထားရှိပါသည်။ ထို့အပြင် နိုင်ငံ့ဝန်ထမ်းများ၏အချက်အလက်များကို  တစ်နေရာတည်းတွင် တစ်စုတစ်စည်းတည်း စုစည်း၍ စီမံခန့်ခွဲနိုင်ရန်၊ တိုက်ဆိုင်စစ်ဆေးရန်၊ စနစ်တကျ ထိန်းသိမ်း ထားနိုင်ရန်နှင့် သုတေသနပြုခြင်းလုပ်ငန်းများ၌ အထောက်အကူပြုနိုင်ရန်တို့အတွက် ဝန်ထမ်း မှတ်တမ်းထိန်းသိမ်းခြင်းစနစ်လည်းပါရှိရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ အချက်အလက်များ လိုအပ်သလို ရှာဖွေခြင်း၊ မှီငြမ်းကိုးကားခြင်းများ ဆောင်ရွက်နိုင်ရေး ဦးစီးဌာနများနှင့် နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်များအလိုက် စနစ်များကို အောက်ပါအတိုင်း ရေးဆွဲထားရှိပါသည်-

(က)   Union Civil Service Board  Main Web Portal(ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ အွန်လိုင်းဝန်ဆောင်မှု ဝက်ဘ်ပေါ်တယ်)

(ခ)     Scholarship Management System (ပညာတော်သင်များ စီမံခန့်ခွဲမှုစနစ်)

(ဂ)     e-Recruitment and Selection System(အီလက်ထရောနစ်သုံး နိုင်ငံ့ဝန်ထမ်းများ စုဆောင်းရေးနှင့် ရွေးချယ်ရေးစနစ်)

(ဃ)   Promotion Management System (ရာထူးတိုးမြှင့်ရေး ဆိုင်ရာ စီမံခန့်ခွဲမှုစနစ်)

(င)    Training Management System (လေ့ကျင့်ရေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် )

(စ)    Civil Service Personal Database Management System (နိုင်ငံ့ဝန်ထမ်းများ၏ အချက်အလက်များ စီမံခန့်ခွဲမှုစနစ် )

(ဆ)   Civil Service Law and Rules System (နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်နည်းဥပဒေဆိုင်ရာ သတင်းအချက်အလက်စနစ် )

(ဇ)     Removal & Dismissal Management System (ထုတ်ပယ်/ ထုတ်ပစ်စီမံခန့်ခွဲမှုစနစ် )

(ဈ)     Education Web Content Management System for CSAs (နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များ၏ ပညာရေးဆိုင်ရာဝက်ဘ်ဆိုက်)

(ည)    Learning Management System for CSAs (သင်ယူမှုဆိုင်ရာ စီမံခန့်ခွဲမှုစနစ် )

စီမံကိန်းဒုတိယနှစ်(ပထမပိုင်း)ဖြစ်သည့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ (၆)လ ဘတ်ဂျက်ဘဏ္ဍာနှစ်တွင် တင်ဒါအောင်မြင်သည့် Secure Link Co.Ltd နှင့် ၈-၁၂-၂၀၂၁ ရက်နေ့တွင် စာချုပ် ချုပ်ဆိုခဲ့ပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ရုံးအမှတ်(၁၇)၌ နည်းပညာဆိုင်ရာအခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်ခြင်း (ပထမအဆင့်)အနေဖြင့်  Next Generation Firewall  Switch ၊ Router၊ Wireless Access device၊ Video Well and Accessories၊ Fiber Data Cable UTP Cat6 Cable ၊ Network Accessories Desktop/ Laptop computer Portable Projector ၊ Online UPS စသည်တို့ကို ဝယ်ယူခဲ့ပြီး လိုအပ်သည့် Survey တိုင်းတာမှုများဆောင်ရွက်ခြင်း၊  Design များရေးဆွဲခြင်း၊ Hardware ပစ္စည်းများအား တပ်ဆင်ခြင်း၊ Installation ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။  Software များအား အဆင့်မြှင့်တင်ခြင်းအပိုင်းတွင် ယခင်ရေးဆွဲခဲ့ သည့် စနစ်များအပေါ်တွင် အခြေပြု၍ စနစ်များအား ရေးဆွဲဆောင်ရွက်ခြင်းဖြစ်ပါသည်။ ရေးဆွဲပြီးဖြစ်သည့်စနစ်များကို ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ အွန်လိုင်းဝန်ဆောင်မှု ဝက်ဘ်ပေါ်တယ်(UCSB Main Web Portal)တွင် သက်ဆိုင်ရာ ဝန်ကြီးဌာန/ အဖွဲ့အစည်းများအနေဖြင့် User Account များဖြင့် ဝင်ရောက်အသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိပြီး ဖြစ်ပါသည်။ ရေးဆွဲပြီးစီးသည့် စနစ်များအလိုက် အသုံးပြုရာတွင်  လွယ်ကူမှုရှိစေရေး သင်တန်းများပို့ချခြင်းနှင့်ဝန်ကြီး ဌာန/အဖွဲ့အစည်းများနှင့် လက်တွေ့အသုံးပြုခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

စီမံကိန်းတတိယနှစ် (Phase-3)ဖြစ်သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင်  ၉-၆-၂၀၂၂ ရက်နေ့၌ တင်ဒါအောင်မြင်သည့် Secure Link ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုခဲ့ပြီး  နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များ၌ ပထမအဆင့်  အနေဖြင့် Network Infrastructure အဆင့်မြှင့်တင်ခြင်းနှင့် Internet Bandwidth မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင် ရွက်ခဲ့ပါသည်။ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များရှိ  ရုံးခန်းများ၊ ဧည့်ရိပ်သာများ၊ စာသင်ခန်းမများ၊ စာသင်ဆောင်များ၊ ကွန်ပျူတာသင်တန်းခန်းများ၊ စာကြည့်တိုက်များ၊ သတ်မှတ်ထားသည့် အိပ်ဆောင်များတွင် Internet Access ရရှိနိုင်ရန်  Fiber Cable သွယ်တန်းခြင်း၊ Fiber အထိုင်နေရာများ တပ်ဆင်ခြင်း၊   Network Cable သွယ်တန်းခြင်း၊ Firewall တပ် ဆင်ခြင်း၊ Security Gateway တပ်ဆင်ခြင်း၊ Network Switch  များတပ်ဆင်ခြင်း၊ Wireless Access Device များနှင့် Network Switch များတပ်ဆင်ခြင်း၊ ချိတ်ဆက်ခြင်း၊ ယခင်တပ်ဆင်ထားသည့် Fiber Cableနှင့် Internet Wifi ပြန်လည် စစ်ဆေးခြင်း၊ နည်းပညာဆိုင်ရာ Network Configure ပြုလုပ်ခြင်း၊  Bandwidth Management  ပြုလုပ်ခြင်း၊ Wifi စနစ်ပေးမှုသတ်မှတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

စီမံကိန်းစတုတ္ထနှစ် (Phase-4) ဖြစ်သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ရုံးအမှတ် (၁၇)၊ နေပြည်တော်၌ အသုံးပြုနေသည့် Dedicated Internet Access လိုင်းအသုံးပြုခနှင့် Cloud Infrastructure ငှားရမ်းအသုံးပြုခ(၆)လစာပေးဆောင်ခြင်း၊ နည်းပညာဆိုင်ရာ လုံခြုံရေးစနစ်များ (Network Firewall, Load Balancer, e-Mail Firewall)၊ Server Software လိုင်စင်များနှင့် အခြားနည်းပညာဆိုင်ရာ ဆက်စပ်လိုင်စင်များအတွက် (၁)နှစ်စာ သက်တမ်းတိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်ပါသည်။ ရေးဆွဲပြီးဖြစ်သည့် Software များအား Operation and Maintenance ပြုလုပ်ခြင်းအပိုင်းတွင် ဆောင်ရွက်ရန်အချက်များ အားလုံးပြီးစီးပြီဖြစ်ပါသည်။ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် ဒုတိယအဆင့်အဖြစ် နည်းပညာဆိုင်ရာ အခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများအနေဖြင့် သတ်မှတ်ထားသည့် ဧည့်ရိပ်သာ၊ စာသင်ခန်းမ၊ ဘွဲ့နှင်းသဘင်ခန်းမ၊ စာသင်ခန်းမ၊ စာကြည့် တိုက်၊ ကွန်ပျူတာဆောင်နှင့် အိပ်ဆောင်၊ စုစုပေါင်း (၁၈) နေရာတို့တွင် Internet Access ရရှိနိုင်ရေးဆောင်ရွက်ပြီး ဖြစ်ပါသည်။ Bandwidth Management Configuration ပြုလုပ်နိုင်ရေးအတွက် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်)မှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။

စီမံကိန်းများ တည်ဆောက်ပြီးပါက နိုင်ငံ့ဝန်ထမ်းများအတွက် အချက်အလက်များကို သက်ဆိုင်ရာဝန်ကြီးဌာနအဖွဲ့အစည်းများမှ လိုအပ်သလို ကြည့်ရှုနိုင်ရေး စိစစ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့တွင် ဆောင်ရွက်လျက်ရှိသည့်  နိုင်ငံ့ဝန်ထမ်းများဆိုင်ရာအီလက်ထရောနစ်ပေါင်းစည်းစနစ် (e-Recruitment and Integrated Civil Service System,e-RICSS) တွင် ပါဝင်သောစနစ်များနှင့် ပတ်သက်၍ စနစ်တစ်ခုချင်းစီအတွက် ရှင်းလင်းချက်အကျဉ်းချုပ်

ပြည်ပနိုင်ငံများသို့ ပညာသင်စေလွှတ်ခဲ့သည့် ဝန်ထမ်းများ၏ မှတ်တမ်းများကို ထိန်းသိမ်းထားရှိနိုင်ရေး ဆောင်ရွက်ခြင်းဖြစ်ပါသည်။

  • ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်ရာထူးများ လျှောက်ထား ဖြေဆိုမည့် ပုဂ္ဂိုလ်များအတွက် ဝန်ကြီးဌာန/ အဖွဲ့အစည်းများတွင် လစ်လပ် ရာထူးနေရာကြေညာချက်များ၊ စာမေးပွဲအောင် စာရင်းများ၊လူတွေ့/စိတ်စစ်ဆေးခြင်း ကြေညာချက်များ၊ ရွေးချယ်ခြင်း ကြေညာချက်များ၊ လိုအပ်ချက်အရ ဆောင်ရွက်ရသည့် ရံဖန်ရံခါ ကြေညာချက်များကို နောက်ဆုံး အခြေအနေနှင့်အညီ စနစ်နှင့် ပတ်သက်၍ ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။၊ e-RSS စနစ်အသုံး ပြုနိုင်ရေးအတွက် User Guide  အား Download ချရန် ဤနေရာတွင် နှိပ်ပါ၊

ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဦးစီးဌာန၊ ရာထူးတိုးမြှင့်ရေး ဌာနစိတ်အနေဖြင့် ဌာနတွင်းရှိ လစာနှုန်း (၂၃၄၀၀ဝိ-၂၀၀ဝိ-၂၄၄၀၀ဝိ) အဆင့်နှင့် (၂၁၆၀၀ဝိ-၂၀၀ဝိ-၂၂၆၀၀ဝိ) အဆင့် ဝန်ထမ်းများအား ပြန်တမ်းဝင်အရာရှိ လစာနှုန်း (၂၇၅၀၀ဝိ-၄၀၀ဝိ-၂၉၅၀၀ဝိ) အဆင့်သို့ ရာထူးတိုးမြှင့်ပေးမည့်ကိစ္စများကို လက်ရှိ ဆောင်ရွက်လျက်ရှိသည့် Manual စနစ်မှ (Promotion Management System-PMS) စနစ်သို့ ပြောင်းလဲအသုံးပြုဆောင်ရွက်ခြင်းဖြစ်ပါသည်။

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များတွင် ဖွင့်လှစ်လျက်ရှိသည့် သင်တန်းများ၏ သင်တန်းသားရေးရာဆိုင်ရာ ကိစ္စရပ်များဖြစ်သော အမည်စာရင်းများ ပေးပို့ခြင်း၊ လက်ကျန် စာရင်းပေးပို့ခြင်း၊ ကင်းလွတ်/ အစားထိုးခွင့်တောင်းခံခြင်း၊ မိခင်ဌာနသို့ပြန်လည် စေလွှတ်ခြင်းကိစ္စရပ်များကို စာလမ်းကြောင်းမှ ပေးပို့နည်း Manual စနစ်အပြင် လေ့ကျင့်ရေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်ကို အသုံးပြု၍ Online မှ Digital ဖြင့် ပြောင်းလဲ သုံးစွဲနိုင်ရန်ဆောင်ရွက်ခြင်းဖြစ်ပါသည်။

နိုင်ငံ့ဝန်ထမ်းများ၏ အချက်အလက်များကို  တစ်နေရာတည်းတွင် စုစည်းပြီး စီမံခန့်ခွဲနိုင်ရန်နှင့် အချက်အလက်များ တိုက်ဆိုင် စစ်ဆေးရန်၊ စနစ်တကျ ထိန်းသိမ်းထားနိုင်ရန်နှင့် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ အချက်အလက်များ လိုအပ်သလို ရှာဖွေခြင်း၊ မှီငြမ်းကိုးကားခြင်းများ ပြုလုပ်နိုင်ရန် ဆောင်ရွက်ထားခြင်းဖြစ်ပါသည်။

အဖွဲ့မှ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ ဝန်ထမ်းနည်းဥပဒေများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့နည်းဥပဒေများနှင့် ဝန်ထမ်းရေးရာကိစ္စရပ်များဆိုင်ရာ သဘောထားများအား လွယ်ကူလျင်မြန်စွာမေးမြန်းနိုင်ရန်နှင့် ဥပဒေ၊ နည်းဥပဒေများအလိုက် ရှာဖွေကြည့်ရှုနိုင်ရန်ဆောင်ရွက်ထားခြင်းဖြစ်ပါသည်။

ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများမှ ရာထူးမှထုတ်ပယ်ခြင်း၊ ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်းဆိုင်ရာ အချက်အလက်များကို ရေးသွင်းနိုင်ရန် ဆောင်ရွက်ထားခြင်းဖြစ်ပါသည်။

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များ၏ လှုပ်ရှားဆောင်ရွက်မှုများ၊ ဖွင့်လှစ် လျက်ရှိသည့်သင်တန်းများ၊ သုတေသနနှင့် စာတမ်းဖတ်ပွဲ ကျင်းပခြင်းများ၊ သင်တန်း သားများ သတင်းပို့ခြင်းများအတွက် ဆောင်ရွက်ထားခြင်းဖြစ်ပါသည်။

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များ၏ လှုပ်ရှားဆောင်ရွက်မှုများ၊ ဖွင့်လှစ် လျက်ရှိသည့်သင်တန်းများ၊ သုတေသနနှင့် စာတမ်းဖတ်ပွဲ ကျင်းပခြင်းများ၊ သင်တန်း သားများ သတင်းပို့ခြင်းများအတွက် ဆောင်ရွက်ထားခြင်းဖြစ်ပါသည်။

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များတွင် ဖွင့်လှစ်လျက်ရှိသည့် Hybrid သင်တန်းများ၌ ပညာဌာနများမှ ပို့ချလျက် ရှိသော ဘာသာရပ်ဆိုင်ရာ Power Point များ၊ Video File များ၊ Learner Guide/ Teaching Guide များကို သင်တန်းသား၊ သင်တန်းသူများ Download ဆွဲယူကြည့်ရှုလေ့လာနိုင်ရန်နှင့် Tutorial ဖြေဆိုခြင်းတို့အတွက် အသုံးပြုနိုင်ရေး ဆောင်ရွက်ထားခြင်းဖြစ်ပါသည်။

Inter-Integration

Intra-Integration