About peacesoft12

This author has not yet filled in any details.
So far peacesoft12 has created 30 blog entries.

စက်တင်ဘာ 2021

​ကြော်ငြာစာအမှတ်၊၄/၂၀၂၁ ဖြင့်​ ပြည်ထောင်စုရာထူးဝန်အဖွဲ့ လျှောက်လွှာခေါ်ယူခြင်း

By |2021-09-12T22:50:42+06:30စက်တင်ဘာ 3rd, 2021|Headline, News & Events|

ဝန်ကြီးဌာန နှင့် အဖွဲ့အစည်း (၁၅)ခု တွင် လစ်လပ်လျက်ရှိသော အောက်ဖော်ပြပါ ရာထူးနေရာများအတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ရုံးအမှတ်(၁၇)၊ နေပြည်တော်နှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ (ရန်ကုန်ရုံးခွဲ)၊ အမှတ်(၆၅)၊ အဝေရာလမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ် (သို့မဟုတ်) တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ရုံးများ၌ လျှောက်လွှာဝယ်ယူ၍ ၁-၁၀-၂၀၂၁ ရက်နေ့နောက်ဆုံးထားပြီး လူကိုယ်တိုင်...

​ကြော်ငြာစာအမှတ်၊၃/၂၀၂၀ ဖြင့်​ခေါ်ယူထား​သော ဝန်ကြီးဌာန/အဖွဲ့အစည်း ( ၁၀ )ခုအတွက် ​ရေး​ဖြေစာ​မေးပွဲ​အောင်စာရင်းကို ​ပြည်​ထောင်စုရာထူးဝန်အဖွဲ့၊ ဝန်ထမ်း​ရွေးချယ်​လေ့ကျင့်​ရေးဦးစီးဌာန၏ကြေညာချက်အမှတ် ၊ ၁၀/၂၀၂၁ ဖြင့် ထုတ်ပြန်ထားပါသည်။

By |2021-09-10T19:52:07+06:30စက်တင်ဘာ 3rd, 2021|Headline, News & Events|

အသေးစိတ်ကြည့်ရန်

ဇူလိုင် 2021

ရေးဖြေစာမေးပွဲကျင်းပနိုင်ခြင်း မရှိသေးကြောင်းအသိပေးကြေညာခြင်း

By |2021-09-10T19:45:06+06:30ဇူလိုင် 12th, 2021|Headline, News & Events|

ပြည်ထောင်စုရာထူး၀န်အဖွဲ့၏ ကြော်ငြာစာအမှတ် ၂/၂၀၂၁ပါ ၀န်ကြီးဌာနနှင့် အဖွဲ့အစည်း (၁၇)ခု ရှိ လစ်လပ်ရာထူး (၄၇၂)နေရာ အတွက် ရေးဖြေစာမေးပွဲကို ၁၀-၇-၂၀၂၁ ရက် (စနေနေ့)နှင့် ၁၁-၇-၂၀၂၁ရက် (တနင်္ဂနွေနေ့) တို့တွင် ကျင်းပရန် ၁-၄-၂၀၂၁ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာနှင့် ၂-၄-၂၀၂၁ ရက်နေ့ထုတ် ကြေးမုံသတင်းစာတို့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသည်။ ယခုအခါ (COVID-19) ရောဂါ ဖြစ်ပွားနေမှု အခြေအနေအရ ဒေသဖြတ်ကျော် သွားလာမှု အကန့်အသတ်များရှိနေပါ၍ ကြေညာထားသည့်ရက်များတွင်

၂၀၂၁ ခုနှစ် ဇွန်လ (၂၆) ရက်၊ နေပြည်တော်တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ ဦးသန်းဆွေ နိုင်ငံ့ဝန်ထမ်းပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူးများအတွက် ရေးဖြေစာမေးပွဲ ကျင်းပဖြေဆိုမှု လှည့်လည်ကြည့်ရှုအားပေး

By |2021-07-13T07:19:28+06:30ဇူလိုင် 5th, 2021|News & Events|

ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် (၃/၂၀၂၀) ပါ ဝန်ကြီးဌာန နှင့် အဖွဲ့အစည်း (၁၀) ခုမှ ပြန်တမ်းဝင် အရာရှိ အဆင့်စတင်ခန့်လစ်လပ်ရာထူး (၁၉၅) နေရာ ရွေးချယ်ပေးရေးအတွက် ရေးဖြေစာမေးပွဲကို Covid-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်နှင့်အညီ        ၂၆-၆-၂၀၂၁ ရက်(စနေနေ့)နှင့် ၂၇-၆-၂၀၂၁ ရက်(တနင်္ဂနွေနေ့)တို့တွင် နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့၊ မကွေးမြို့နှင့် မော်လမြိုင်မြို့ရှိ စာစစ်ဌာန(၅)ခု၌ တစ်ပြိုင်တည်း ကျင်းပလျက်ရှိရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့  ဥက္ကဋ္ဌ၊ ဦးသန်းဆွေသည် တာဝန်ရှိသူများလိုက်ပါလျက်

၂၀၂၁ ခုနှစ် ဇွန်လ (၂၃) ရက်၊ နေပြည်တော်တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

By |2021-07-05T21:59:08+06:30ဇူလိုင် 5th, 2021|News & Events|

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ၂၀၂၁ ခုနှစ်၊ ဒုတိယ (၃) လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၁)ကို ယနေ့(၁၀:၀၀)နာရီတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေ တက်ရောက်အမှာစကားပြောကြားသည်။ ထို့နောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌရုံးအဖွဲ့၊ ဦးစီးဌာနများနှင့် ဗဟိုဝန်ထမ်း တက္ကသိုလ်များမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်များနှင့် ဒုတိယအမြဲတမ်း အတွင်းဝန်တို့က ၂၀၂၁ ခုနှစ်၊ ဧပြီလမှ ဇွန်လအထိ ဒုတိယ (၃) လပတ် လုပ်ငန်းဆောင်ရွက်နိုင်မှု အခြေအနေများနှင့်

အရာထမ်းအခြေခံ(အထူး)သင်တန်း ဖွင့်အခမ်းအနား

By |2021-07-14T00:36:09+06:30ဇူလိုင် 5th, 2021|News & Events|

ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် ၇-၆-၂၀၂၁ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ သည့် ပြည်သူ့ဝန်ထမ်းအကယ်ဒမီ၊ အရာထမ်းအခြေခံ(အထူး)သင်တန်း၊ ပြည်သူ့ဝန်ထမ်းဝ-စီမံခန့်ခွဲမှုဘွဲ့လွန်ဒီပလိုမာသင်တန်းဖွင့် အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ တက်ရောက်အမှာစကားပြောကြားပါသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့ e-Recruitment and Integrated Civil Service System ဆိုင်ရာ Software Testing and User Training သင်တန်းဖွင့်လှစ်

By |2021-07-05T14:34:39+06:30ဇူလိုင် 5th, 2021|News & Events|

ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ဆောင်ရွက်ရသော လုပ်ငန်းတာဝန်များအား Manual မှ Digital စနစ်သို့ ကူးပြောင်းရန်ရည်ရွယ်ပြီး အကောင်အထည်ဖော်လျက်ရှိသော e-Recruitment and Integrated Civil Service System စီမံကိန်းပါစနစ်များ လက်တွေ့ အသုံးချတတ်စေရန်အတွက် Software Testing and User Training သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရုံးအမှတ် (၁၇) စုပေါင်းခမ်းမတွင်ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေ တက်ရောက်၍ သင်တန်းအဖွင့်အမှာစကား

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ၈၄ နှစ်မြောက် နှစ်ပါတ်လည်နေ့ အခမ်းအနား

By |2021-07-05T14:34:02+06:30ဇူလိုင် 5th, 2021|News & Events|

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေမှ ၁-၄-၂၀၂၁ ရက်နေ့တွင် ကျရောက်သည့် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ၈၄ နှစ်မြောက် နှစ်ပါတ်လည်နေ့ အခမ်းအနားတွင် တက်ရောက်၍ အမှာစကားပြောကြားပါသည်။  

ဇွန် 2021

COVID-19 Facility Quarantine Center အဖြစ် ဆောင်ရွက်ခြင်း

By |2021-06-04T07:10:19+06:30ဇွန် 4th, 2021|News & Events|

ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)သည် မြန်မာနိုင်ငံ၌ COVID-19 ကူးစက်မြန် ရောဂါ ထိန်းချုပ်ကုသခြင်းများ ဆောင်ရွက် နေစဉ်ကာလအတွင်း Facility Quarantine Centre တစ်ခုအဖြစ် နိုင်ငံတော်၏ လိုအပ်ချက်အား တစ်ထောင့်တစ်နေရာမှ ပါဝင် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။ ၂၇-၅-၂၀၂၀ ရက်နေ့မှ ၆-၄-၂၀၂၁ ရက်နေ့အထိ ကာလအတွင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှစေလွှတ်သော လူဉီးရေစုစုပေါင်း (၉၉၅၂)ဉီး အား လက်ခံထားရှိပေးနိုင်ခဲ့ပါသည်။ တက္ကသိုလ်အနေဖြင့် နေရာထိုင်ခင်းစီစဉ် ပေးခြင်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးအပ်သောနှုန်းထားအတိုင်း တစ်ရက် လျှင်(၃)ကြိမ် ချက်ပြုတ်ကျွေးမွေးခြင်းတို့အား

အရာထမ်းငယ်အခြေခံသင်တန်း(၃)ခုအား Online ဖြင့် ဖွင့်လှစ်ခြင်း

By |2021-06-04T07:09:05+06:30ဇွန် 4th, 2021|News & Events|

ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)သည် မြန်မာနိုင်ငံ၌ COVID-19 ကူးစက်မြန် ရောဂါ ထိန်းချုပ်ကုသခြင်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း ပုံမှန်ဖွင့်လှစ်နေသော သင်တန်းများအနက် ဒုတိယဉီးစီးမှူးနှင့်အဆင့်တူနိုင်ငံ့ဝန်ထမ်းများတက်ရောက်ရသည့် “အရာထမ်းငယ်အခြေခံသင်တန်း” အား အောက်ပါနေ့ရက်များအတိုင်း (၃)ကြိမ်တိုင် အောင်မြင်စွာ ဖွင့်လှစ်ပေးနိုင်ခဲ့ ပါသည်- (၁)အရာထမ်းငယ်အခြေခံသင်တန်းအမှတ်စဉ်(၈၆) [(၅-၁၀-၂၀၂၀)ရက်နေ့မှ(၂၈-၁၀-၂၀၂၀)ရက်နေ့ထိ] (၂)အရာထမ်းငယ်အခြေခံသင်တန်းအမှတ်စဉ်(၈၇) [(၂၄-၁၂-၂၀၂၀)ရက်နေ့မှ(၁၅-၁-၂၀၂၁)ရက်နေ့ထိ] (၃)အရာထမ်းငယ်အခြေခံသင်တန်းအမှတ်စဉ်(၈၈) [(၃-၂-၂၀၂၁)ရက်နေ့မှ(၁-၃-၂၀၂၁)ရက်နေ့ထိ] အဆိုပါသင်တန်းများ၌ Online Platform များအဖြစ် Zoom နှင့် Google Classroom အား အသုံးပြုပို့ချခဲ့ပြီး၊ သင်တန်းကာလသည်(၄)ပတ်ဖြစ်ပါသည်။

Go to Top