ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ဆောင်ရွက်ရသော လုပ်ငန်းတာဝန်များအား Manual မှ Digital စနစ်သို့ ကူးပြောင်းရန်ရည်ရွယ်ပြီး အကောင်အထည်ဖော်လျက်ရှိသော e-Recruitment and Integrated Civil Service System စီမံကိန်းပါစနစ်များ လက်တွေ့ အသုံးချတတ်စေရန်အတွက် Software Testing and User Training သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရုံးအမှတ် (၁၇) စုပေါင်းခမ်းမတွင်ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေ တက်ရောက်၍ သင်တန်းအဖွင့်အမှာစကား ပြောကြားပါသည်။