ဇွန် 2022

စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများ ဖြည့်သွင်းရမည့် ကိုယ်ရေးပုံစံ

By |2022-06-22T12:43:22+06:30ဇွန် 22nd, 2022|News & Events|

ကြော်ငြာစာအမှတ် (၂/၂၀၂၂)ပါ လစ်လပ်ရာထူး(၁၁၁၆)နေရာအတွက် စိတ်အခြေအနေ နှင့်လူတွေ့စစ်ဆေးမှုခံယူမည့်သူများ ဖြည့်သွင်းရမည့်ပုံစံအား  Download ရယူကြည့်ရှုနိုင်ပါသည်။ Download 

စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများအတွက် အကြောင်းကြားစာ

By |2022-06-22T12:40:09+06:30ဇွန် 22nd, 2022|News & Events|

ကြော်ငြာစာအမှတ် (၂/၂၀၂၂)ပါ လစ်လပ်ရာထူး(၁၁၁၆) နေရာအတွက် စိတ်အခြေအနေ နှင့်လူတွေ့စစ်ဆေးခြင်းခံယူနိုင်ရန်အကြောင်းကြားစာအား   Download ရယူကြည့်ရှုနိုင်ပါသည်။ Download

ကြေညာချက်အမှတ်(၁၀/၂၀၂၂)အတွက် စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးမှုခံယူမည့် သူများ အမည်စာရင်းကြေညာခြင်း။

By |2022-06-22T12:37:04+06:30ဇွန် 22nd, 2022|News & Events|

ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများတွင် လစ်လပ်လျက်ရှိသည့် ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်ဝင်ပေါက်ရာထူးစုစုပေါင်း (၁၁၁၆)နေရာအတွက် စိတ်အခြေအနေနှင့်လူတွေ့ စစ်ဆေးမှု ခံယူမည့်သူများအမည်စာရင်းအား  Download ရယူကြည့်ရှုနိုင်ပါသည်။ Download Here

အခြေခံပညာဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ်(၉၈) သင်တန်းဖွင့်အခမ်းအနား ကျင်းပခြင်း

By |2022-06-22T12:32:21+06:30ဇွန် 22nd, 2022|News & Events|

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၌ ဖွင့်လှစ်ခဲ့သည့် အခြေခံပညာဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ်(၉၈)၏ သင်တန်းဖွင့်အခမ်းအနားကို ၁၃-၆-၂၀၂၂ ရက်နေ့  (၀၈:၀၀)နာရီအချိန်တွင် ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေတက်ရောက်ပြီး သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပါသည်။  

တက္ကသိုလ်/ကောလိပ်ဆရာ၊ ဆရာမများအထူးမွမ်းမံသင်တန်းအမှတ်စဉ်(၂၅) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခြင်း

By |2022-06-22T12:30:13+06:30ဇွန် 22nd, 2022|News & Events|

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၌ ဖွင့်လှစ်ခဲ့သည့် တက္ကသိုလ်/ကောလိပ် ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ်(၂၅)၏ သင်တန်းဆင်းအခမ်းအနားကို ၁၀-၆-၂၀၂၂ ရက်နေ့(၀၈:၀၀) နာရီအချိန်တွင် ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေတက်ရောက်ပြီး သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပါသည်။  

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ၂၀၂၂-၂၀၂၃ ခုနှစ်၊ ပညာသင်နှစ်အတွက် ပညာသင် ထောက်ပံ့ခြင်းအခမ်းအနားကျင်းပခြင်း

By |2022-06-21T15:25:41+06:30ဇွန် 21st, 2022|News & Events|

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ၂၀၂၂-၂၀၂၃ ခုနှစ်၊ ပညာသင်နှစ်အတွက် အခြေခံပညာ အဆင့် (မူ/လယ်/ထက်) ဝန်ထမ်းသား/သမီး(၁၀၄)ဦးအား ကျောင်းဝတ်စုံ၊ ကျောင်းသုံး စာရေးကိရိယာများ ဝယ်ယူထောက်ပံ့ပေးအပ်ခဲ့ပါသည်။

အခြေခံကွန်ပျူတာသင်တန်း(၂/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကျင်းပခြင်း

By |2022-06-21T14:27:51+06:30ဇွန် 21st, 2022|News & Events|

ပြည်ထောင်စုရာထူးဝန်အဖွဲ့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာထမ်း၊ အမှုထမ်း များအနေဖြင့် ကွန်ပျူတာအခြေခံသဘောတရားများအား ပိုမိုသိရှိနားလည်ပြီး လုပ်ငန်း ခွင်တွင် ပြန်လည်အသုံးချနိုင်စေရန်အတွက် အခြေခံကွန်ပျူတာသင်တန်း (၂/၂၀၂၂) ဖွင့်ပွဲ အခမ်းအနားကို ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ထုတ်ပြန်ထားရှိသော စည်းကမ်းသတ်မှတ် ချက်များနှင့်အညီ ၁၇-၅-၂၀၂၂ ရက်နေ့ နံနက်(၁၀:၀၀)နာရီ၌ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ရုံးအမှတ်(၁၇)၊ စုပေါင်းခန်းမတွင် ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့ (၈၅)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပခြင်း

By |2022-06-21T14:24:14+06:30ဇွန် 21st, 2022|News & Events|

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ (၈၅)နှစ်မြောက် အဖွဲ့စတင်ဖွဲ့စည်းတည်ထောင်သောနေ့ (Foundation Day) အထိမ်းအမှတ်အခမ်းအနားကို ၁-၄-၂၀၂၂ ရက်နေ့တွင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ စုပေါင်းခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉  စည်းကမ်းချက်များ၊ သတ်မှတ်ချက်များနှင့်အညီ ကျင်းပခဲ့ရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေက အဖွဲ့နှစ်ပတ်လည်နေ့အထိမ်းအမှတ်အမှာစကားပြောကြားခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ခြင်း၊ ပျော်ပွဲ ရွှင်ပွဲများအား ကြည့်ရှုအားပေးခြင်း၊ ဗလာမပါ ကံစမ်းမဲဖောက်ခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး(၁/၂၀၂၂) ကျင်းပပြု လုပ်ခြင်း

By |2022-06-21T14:20:57+06:30ဇွန် 21st, 2022|News & Events|

၂၉-၃-၂၀၂၂ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ စီမံခန့်ခွဲရေး ကော်မတီအစည်းအဝေး (၁/၂၀၂၂) တွင်  အဖွဲ့ဥက္ကဋ္ဌတက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။  

အခြေခံကွန်ပျူတာမွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၂၂)သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခြင်း

By |2022-06-21T14:18:15+06:30ဇွန် 21st, 2022|News & Events|

ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ရုံးအမှတ်(၁၇)၊ စုပေါင်းခန်းမ၌ ၂၅-၃-၂၀၂၂ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် အခြေခံကွန်ပျူတာမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၂)သင်တန်း ဆင်းပွဲအခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေတက်ရောက်၍ အမှာစကား ပြောကြားခဲ့ပါသည်။

Go to Top