အောက်တိုဘာ 2022

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင် အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေးသင်တန်း အမှတ်စဉ်(၁)၏ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပပြုလုပ်ခြင်း

By |2022-10-18T21:02:26+06:30အောက်တိုဘာ 18th, 2022|News & Events|

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၊စစ်ရေးပြကွင်း၌ ၃၀-၉-၂၀၂၂ ရက်နေ့၊ နံနက် (၀၇၃၀) နာရီ အချိန်တွင် အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေးသင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခဲ့ရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ အဖွဲ့ဝင် များဖြစ်ကြသော ဦးရဲနိုင်၊ ဦးစိုးတင့်၊ ဥက္ကဋ္ဌရုံးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်(အောက်မြန်မာပြည်) မှ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊တက္ကသိုလ်မှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်း သူများ တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)သို့ လာရောက်သည့်ခရီးစဉ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခြင်း(၁၉-၉-၂၀၂၂)

By |2022-10-18T20:55:16+06:30အောက်တိုဘာ 18th, 2022|News & Events|

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် ၁၉-၉-၂၀၂၂ ရက်နေ့တွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် အရာထမ်းငယ်အခြေခံသင်တန်းအမှတ်စဉ် (၉၁)မှ သင်တန်းသား၊ သင်တန်းသူများ စစ်ရေးပြကွင်းအတွင်းလက်နက်မဲ့စစ်ရေးပြလေ့ကျင့် သင်ကြားနေမှုနှင့်လက်နက်ငယ်သင်ခန်းစာပို့ချနေမှု၊ မန္တလာဆောင်၊ စံပယ်ဆောင်၊ ချင်းတွင်း ဆောင်၊ သင်တန်းသား၊ သင်တန်းသူအိပ်ဆောင်များ၊ စိုက်ပျိုးရေးလုပ်ငန်းများအား   လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများနှင့် နေ့လည်စာ အတူတကွ သုံးဆောင်ခဲ့ပါသည်။

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် အရာထမ်းလောင်းအခြေခံသင်တန်း၊ ပြည်သူ့ ဝန်ထမ်းစီမံခန့်ခွဲမှုဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ် (၁၀)၏ သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခြင်း

By |2022-10-18T20:33:10+06:30အောက်တိုဘာ 18th, 2022|News & Events|

ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် ဖွင့်လှစ် သည့် အရာထမ်းလောင်းအခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာ သင်တန်း  အမှတ်စဉ်(၁၀)၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ၁၉-၉-၂၀၂၂ ရက်နေ့တွင် နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်(အထက်မြန်မာပြည်)၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ တာဝန်ခံအဖွဲ့ဝင် ဦးဆန်းဖြင့်၊ ဥက္ကဋ္ဌရုံးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ၊ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်(အထက်မြန်မာပြည်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌ

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)သို့ လာရောက်သည့်ခရီးစဉ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခြင်း

By |2022-10-18T20:25:31+06:30အောက်တိုဘာ 18th, 2022|News & Events|

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် ၁၈-၉-၂၀၂၂ ရက်နေ့တွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် တက္ကသိုလ်အတွင်းရှိစိုက်ပျိုးရေးလုပ်ငန်းများ ၊ မွေးမြူရေးလုပ်ငန်းများ၊ စက်ပစ်ကွင်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တက္ကသိုလ်ရှိ အရာထမ်း၊ အမှုထမ်းများနှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကို တွေ့ဆုံ၍အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)ရှိ အရာထမ်း၊ အမှုထမ်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကို တွေ့ဆုံအမှာစကားပြောကြားခြင်း (၁၂-၉-၂၀၂၂)

By |2022-10-17T21:15:39+06:30အောက်တိုဘာ 17th, 2022|News & Events|

ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)အတွင်း လှည့်လည်စစ်ဆေးခြင်း (၁၁-၉-၂၀၂၂ မှ ၁၂-၉-၂၀၂၂)

By |2022-10-17T21:06:39+06:30အောက်တိုဘာ 17th, 2022|News & Events|

ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်သည် ၁၁-၉-၂၀၂၂ ရက်နေ့နှင့် ၁၂-၉-၂၀၂၂ ရက်နေ့များတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင် အရာထမ်းလောင်း အခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ်(၉)၏ သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း

By |2022-10-14T21:54:43+06:30အောက်တိုဘာ 14th, 2022|News & Events|

ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင် ဖွင့်လှစ် သည့် အရာထမ်းလောင်းအခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာ သင်တန်း  အမှတ်စဉ်(၉)၏ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၁၂-၉-၂၀၂၂ ရက်နေ့ နံနက် (၀၈၀၀)နာရီတွင် နိုင်ငံ့ ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၊ ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ တာဝန်ခံအဖွဲ့ဝင် ဦးစိုးတင့်၊ ဥက္ကဋ္ဌရုံးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသား၊ သင်တန်းသူများ

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလအတွင်းဖွင့်လှစ်မည့် သင်တန်းအတွက် သင်တန်းဝင် ညွှန်ကြားလွှာ

By |2022-10-14T21:46:07+06:30အောက်တိုဘာ 14th, 2022|News & Events|

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလအတွင်း နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် ဖွင့်လှစ်မည့် အလယ်အလတ်အဆင့် အရာထမ်းစီမံခန့်ခွဲမှုသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှုအဆင့်မြင့်ဒီပလိုမာသင်တန်းအမှတ်စဉ်(၈)အတွက် သင်တန်းဝင်ညွှန်ကြားလွှာအား Download ရယူကြည့်ရှုနိုင်ပါသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့က ကြော်ငြာပါရာထူးတွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြား စည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်များ

By |2022-10-14T21:39:38+06:30အောက်တိုဘာ 14th, 2022|News & Events|

ပြည်ထောင်စုရာထူးဝန်အဖွဲ့က ကြော်ငြာပါရာထူးတွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြား စည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်များကို အသေးစိတ် Download  ရယူကြည့်ရှုနိုင်ပါသည်။  

ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း(၂၈)ခုတွင် လစ်လပ်လျက်ရှိသော ရာထူးနေရာများအတွက် Online စနစ်ဖြင့် လျှောက်ထားနိုင်ကြောင်းအသိပေးကြေညာခြင်း

By |2022-10-14T21:34:45+06:30အောက်တိုဘာ 14th, 2022|News & Events|

ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း(၂၈)ခုတွင် လစ်လပ်လျက်ရှိသော ရာထူးနေရာများအတွက် Online စနစ်ဖြင့် e-Recruitment and Selection  System (e-RSS) (UCSB e-RSS Mobile Application နှင့် UCSB e-RSS  Web Based) တို့ကို အသုံးပြုကာ   ၇-၁၀-၂၀၂၂ ရက်နေ့ နောက်ဆုံးထား၍ ဝင်ရောက်လျှောက်ထားနိုင်ကြောင်း အသိပေးကြေညာခြင်းကို အသေးစိတ် Download ရယူကြည့်ရှုနိုင်ပါသည်။ Download Here

Go to Top