ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် ၁၉-၉-၂၀၂၂ ရက်နေ့တွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် အရာထမ်းငယ်အခြေခံသင်တန်းအမှတ်စဉ် (၉၁)မှ သင်တန်းသား၊ သင်တန်းသူများ စစ်ရေးပြကွင်းအတွင်းလက်နက်မဲ့စစ်ရေးပြလေ့ကျင့် သင်ကြားနေမှုနှင့်လက်နက်ငယ်သင်ခန်းစာပို့ချနေမှု၊ မန္တလာဆောင်၊ စံပယ်ဆောင်၊ ချင်းတွင်း ဆောင်၊ သင်တန်းသား၊ သင်တန်းသူအိပ်ဆောင်များ၊ စိုက်ပျိုးရေးလုပ်ငန်းများအား   လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများနှင့် နေ့လည်စာ အတူတကွ သုံးဆောင်ခဲ့ပါသည်။