About peacesoft12

This author has not yet filled in any details.
So far peacesoft12 has created 32 blog entries.

ဇွန် 2021

COVID-19 Facility Quarantine Center အဖြစ် ဆောင်ရွက်ခြင်း

By |2021-06-04T07:10:19+06:30ဇွန် 4th, 2021|News & Events|

ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)သည် မြန်မာနိုင်ငံ၌ COVID-19 ကူးစက်မြန် ရောဂါ ထိန်းချုပ်ကုသခြင်းများ ဆောင်ရွက် နေစဉ်ကာလအတွင်း Facility Quarantine Centre တစ်ခုအဖြစ် နိုင်ငံတော်၏ လိုအပ်ချက်အား တစ်ထောင့်တစ်နေရာမှ ပါဝင် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။ ၂၇-၅-၂၀၂၀ ရက်နေ့မှ ၆-၄-၂၀၂၁ ရက်နေ့အထိ ကာလအတွင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှစေလွှတ်သော လူဉီးရေစုစုပေါင်း (၉၉၅၂)ဉီး အား လက်ခံထားရှိပေးနိုင်ခဲ့ပါသည်။ တက္ကသိုလ်အနေဖြင့် နေရာထိုင်ခင်းစီစဉ် ပေးခြင်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးအပ်သောနှုန်းထားအတိုင်း တစ်ရက် လျှင်(၃)ကြိမ် ချက်ပြုတ်ကျွေးမွေးခြင်းတို့အား

အရာထမ်းငယ်အခြေခံသင်တန်း(၃)ခုအား Online ဖြင့် ဖွင့်လှစ်ခြင်း

By |2021-06-04T07:09:05+06:30ဇွန် 4th, 2021|News & Events|

ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)သည် မြန်မာနိုင်ငံ၌ COVID-19 ကူးစက်မြန် ရောဂါ ထိန်းချုပ်ကုသခြင်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း ပုံမှန်ဖွင့်လှစ်နေသော သင်တန်းများအနက် ဒုတိယဉီးစီးမှူးနှင့်အဆင့်တူနိုင်ငံ့ဝန်ထမ်းများတက်ရောက်ရသည့် “အရာထမ်းငယ်အခြေခံသင်တန်း” အား အောက်ပါနေ့ရက်များအတိုင်း (၃)ကြိမ်တိုင် အောင်မြင်စွာ ဖွင့်လှစ်ပေးနိုင်ခဲ့ ပါသည်- (၁)အရာထမ်းငယ်အခြေခံသင်တန်းအမှတ်စဉ်(၈၆) [(၅-၁၀-၂၀၂၀)ရက်နေ့မှ(၂၈-၁၀-၂၀၂၀)ရက်နေ့ထိ] (၂)အရာထမ်းငယ်အခြေခံသင်တန်းအမှတ်စဉ်(၈၇) [(၂၄-၁၂-၂၀၂၀)ရက်နေ့မှ(၁၅-၁-၂၀၂၁)ရက်နေ့ထိ] (၃)အရာထမ်းငယ်အခြေခံသင်တန်းအမှတ်စဉ်(၈၈) [(၃-၂-၂၀၂၁)ရက်နေ့မှ(၁-၃-၂၀၂၁)ရက်နေ့ထိ] အဆိုပါသင်တန်းများ၌ Online Platform များအဖြစ် Zoom နှင့် Google Classroom အား အသုံးပြုပို့ချခဲ့ပြီး၊ သင်တန်းကာလသည်(၄)ပတ်ဖြစ်ပါသည်။

Internal Quality Assurance(IQA) Workshops တက်ရောက်ခြင်း

By |2021-06-04T07:07:07+06:30ဇွန် 4th, 2021|News & Events|

ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)၏ ဆောင်ရွက်လျက်ရှိသော Quality Accreditation ဆိုင်ရာလုပ်ငန်းစဉ်အား အထောက်အကူဖြစ်စေရေးကို ရည်ရွယ်ကာ (၇-၇-၂၀၂၀) ရက်နေ့မှ (၇-၈-၂၀၂၀) ရက်နေ့အထိ မြန်မာနိုင်ငံ National Accreditation and Quality Assurance Committee (NAQAC) မှ Online ဖြင့် ကျင်းပ ပြုလုပ်ခဲ့သည့် Internal Quality Assurance(IQA) Workshops သို့ သတင်းအချက်အလက် နှင့်နည်းပညာဌာနမှ ပါမောက္ခ(ဌာနမှူး)နှင့် စီးပွားရေးပညာဌာနမှ ပါမောက္ခ(ဌာနမှူး) တို့(၂)ဉီး လေ့လာသူများအဖြစ်

UNDP ဖြင့် ပူးပေါင်း၍ ToT on the Prevention of Corruption ပြုလုပ်ခြင်း

By |2021-06-04T07:06:02+06:30ဇွန် 4th, 2021|News & Events|

(၃-၉-၂၀၂၀) ရက်နေ့မှ (၄-၉-၂၀၂၀)ရက်နေ့အထိ ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် UNDP ပူးပေါင်း၍ Online ဖြင့် ကျင်းပ ပြုလုပ်ခဲ့သည့် “ToT on the Prevention of Corruption in the Myanmar Public Sector” သို့ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)မှ ပါမောက္ခ(ဌာနမှူး)၊ ပါမောက္ခနှင့် တွဲဖက်ပါမောက္ခများ စုစုပေါင်း (၂၀)ဉီး ပါဝင်တက်ရောက်ခဲ့ ကြပါသည်။

VELFP Programme ကျင်းပပြီးစီးခြင်း

By |2021-06-04T07:04:32+06:30ဇွန် 4th, 2021|News & Events|

(၉-၁၁-၂၀၂၀) ရက်နေ့မှ (၄-၂-၂၀၂၁)ရက်နေ့အထိ ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ခွင့်ပြုလမ်းညွှန်ချက်နှင့်အညီ ရန်ကုန်မြို့အခြေစိုက် အမေရိကန်သံရုံး၏ Virtual English Language Fellowship Programme (VELFP) Programme အစီအစဉ်အောက်၌ ကျင်းပပြုလုပ်ခဲ့သည့် “ToT Course for English Faculty(Virtual)” သို့ ဗဟိုဝန်ထမ်း တက္ကသိုလ်(အထက်မြန်မာပြည်)၊ အင်္ဂလိပ်ဘာသာပညာဌာနမှ ပါမောက္ခ(ဌာနမှူး)မှ နည်းပြအထိ ဆရာ၊ဆရာမ စုစုပေါင်း(၉)ဉီး ပါဝင်တက်ရောက်ခဲ့ကြပါသည်။

COVID-19 ကာကွယ်ဆေးထိုးခြင်း

By |2021-06-04T06:59:11+06:30ဇွန် 4th, 2021|News & Events|

ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)ရှိ ဝန်ထမ်းများနှင့် သန္ဓေမိသားစုများ COVID-19 ကာကွယ်ဆေးထိုးခြင်းအား ပထမအကြိမ်အဖြစ် ၉-၃-၂၀၂၁ရက်နေ့နှင့် ၁၀-၃-၂၀၂၁ရက်နေ့များတွင်လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ၆-၄-၂၀၂၁ရက်နေ့နှင့် ၇-၄-၂၀၂၁ရက်နေ့များတွင်လည်းကောင်း ဝန်ထမ်းနှင့် သန္ဓေမိသားစုဝင် စုစုပေါင်း (၆၀၀)ဦးအား ထိုးနှံပေးခဲ့ပါသည်။

Roundtable for Head of ASEAN PSTI အစည်းအဝေးတက်ရောက်ခြင်း

By |2021-06-04T06:57:44+06:30ဇွန် 4th, 2021|News & Events|

အာဆီယံနိုင်ငံ နိုင်ငံ့ဝန်ထမ်းဆိုင်ရာတက္ကသိုလ်များအကြားဖွဲ့စည်းထူထောင်ထားရှိသော Network Of Public Service Training Institute (PSTI)၏ နှစ်စဉ်ပုံမှန်ကျင်းပမြဲ ဖြစ်သော Roundtable for Head of ASEAN PSTI အစည်းအဝေးအား ၆-၁၁-၂၀၂၀ ရက်နေ့၌ အလှည့်ကျအိမ်ရှင်ဖြစ်သော စင်ကာပူနိုင်ငံ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (Civil Service College(CSC)) မှ ဉီးဆောင်၍ Online ဖြင့် ကျင်းပရာ ဤတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်(သင်ကြားရေး)ဒေါက်တာ ခင်မာမျိုး တက်ရောက်ခဲ့ပြီး COVID-19

ဧပြီ 2021

ဦးခင်မောင်ဝင်း

By |2021-08-16T15:34:42+06:30ဧပြီ 28th, 2021|Profile|

ကိုယ်ရေးအချက်အလက် အမည် ဦးခင်မောင်ဝင်း ရာထူး အမြဲတမ်းအတွင်းဝန် တာဝန်ထမ်းဆောင်ခဲ့သည့် ကာလ ၆-၆-၂၀၁၆ မှ LPR ကာလ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ဝင်းကို ဖခင် ဦးကိုကြီးနှင့် မိခင် ဒေါ်နုတို့မှ ၁၉၆၁ ခုနှစ်၊ ဒီဇင်ဘာလ (၄)ရက်နေ့တွင် တောင်ငူမြို့၌ မွေးဖွားခဲ့ပါသည်။ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးသိပ္ပံအမှတ်စဉ် (၁၄)တွင် (၁၉၇၉-၁၉၈၃) (၄)နှစ် သင်တန်းတက်ရောက်အောင်မြင်ခဲ့ပြီး

ဦးအောင်တင်စိုး

By |2021-09-09T07:00:02+06:30ဧပြီ 28th, 2021|Profile|

ကိုယ်ရေးအချက်အလက် အမည် ဦးအောင်တင်စိုး ရာထူး အမြဲတမ်းအတွင်းဝန်/တာဝန်ခံညွှန်ကြား​ရေးမှူးချုပ် တာဝန်ထမ်းဆောင်ခဲ့သည့် ကာလ ၂၁–၁-၂၀၂၀ မှ ယနေ့ထိ ဦးအောင်တင်စိုးကို ၁၉၆၄ ခုနှစ်၊ ဧပြီလ (၂၄) ရက်နေ့၌ မိဘနှစ်ပါးဖြစ်သူ ဦးညိုကြီးနှင့် ဒေါ် ရီ တို့မှတောင်သာမြို့တွင် မွေးဖွားခဲ့ပါသည်။ ၁၉၈၅ ခုနှစ်တွင် မကွေးဒီဂရီ ကောလိပ် (ယခုမကွေး တက္ကသိုလ်)မှ သိပ္ပံဘွဲ့(ဓာတုဗေဒ)ကို

ဦးကျော်စိုး

By |2021-08-18T16:43:19+06:30ဧပြီ 27th, 2021|Profile|

ကိုယ်ရေးအချက်အလက် အမည် ဦးကျော်စိုး ရာထူး ပါမောက္ခချုပ် တာဝန်ထမ်းဆောင်ခဲ့သည့် ကာလ ၁၈-၂-၂၀၁၉ မှ ယနေ့ထိ နေရာ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုးကို ဖခင် ဦးလူခင်နှင့် မိခင် ဒေါ်သန်းစိန်တို့မှ ၁၉၇၀ ခုနှစ်၊ မေလ ၂၅ ရက်နေ့တွင် စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းကျေရွာ၌ မွေးဖွားခဲ့ပါသည်။ ၁၉၈၇ ခုနှစ်တွင်

Go to Top