ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် (၃/၂၀၂၀) ပါ ဝန်ကြီးဌာန နှင့် အဖွဲ့အစည်း (၁၀) ခုမှ ပြန်တမ်းဝင် အရာရှိ အဆင့်စတင်ခန့်လစ်လပ်ရာထူး (၁၉၅) နေရာ ရွေးချယ်ပေးရေးအတွက် ရေးဖြေစာမေးပွဲကို Covid-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်နှင့်အညီ        ၂၆-၆-၂၀၂၁ ရက်(စနေနေ့)နှင့် ၂၇-၆-၂၀၂၁ ရက်(တနင်္ဂနွေနေ့)တို့တွင် နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့၊ မကွေးမြို့နှင့် မော်လမြိုင်မြို့ရှိ စာစစ်ဌာန(၅)ခု၌ တစ်ပြိုင်တည်း ကျင်းပလျက်ရှိရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့  ဥက္ကဋ္ဌ၊ ဦးသန်းဆွေသည် တာဝန်ရှိသူများလိုက်ပါလျက်  ၂၆-၆-၂၀၂၁ရက် (စနေနေ့) မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ပုဗ္ဗသီရိမြို့နယ်နှင့် အမှတ်(၂၂)အခြေခံပညာအထက်တန်းကျောင်း၊   ဇမ္ဗူသီရိမြို့နယ် စာဖြေဌာနများသို့ သွားရောက်၍ စာမေးပွဲ ဖြေဆိုမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဖြေဆိုသူများကို အားပေးစကား ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် ဝန်ကြီးဌာန/အဖွဲ့အစည်းအသီးသီးအတွက် လိုအပ်သော အရည်အသွေးမြင့်အရာထမ်းများကို ရွေးချယ်ပေးလျက်ရှိရာတွင် နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲမှု ဆိုင်ရာ မဟာဗျူဟာစီမံချက်ပါ ဦးစားပေးနယ်ပယ်တစ်ခုဖြစ်သည့် (Merit-Based)အရည်အချင်းကို အခြေခံ၍ လူမှန်၊ နေရာမှန် (Right Person, Right Place) ဖြစ်စေရေးအတွက် ရွေးချယ်ရေး လုပ်ငန်းစဉ်များကို အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ရေးဖြေစာမေးပွဲသို့ လာရောက်ဖြေဆိုသူ စုစုပေါင်း(၈၂၀) ဦးရှိကြောင်း သတင်းရရှိပါသည်။