ပြည်ထောင်စုရာထူး၀န်အဖွဲ့၏ ကြော်ငြာစာအမှတ် ၂/၂၀၂၁ပါ ၀န်ကြီးဌာနနှင့် အဖွဲ့အစည်း (၁၇)ခု ရှိ လစ်လပ်ရာထူး (၄၇၂)နေရာ အတွက် ရေးဖြေစာမေးပွဲကို ၁၀-၇-၂၀၂၁ ရက် (စနေနေ့)နှင့် ၁၁-၇-၂၀၂၁ရက် (တနင်္ဂနွေနေ့) တို့တွင် ကျင်းပရန် ၁-၄-၂၀၂၁ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာနှင့် ၂-၄-၂၀၂၁ ရက်နေ့ထုတ် ကြေးမုံသတင်းစာတို့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသည်။

ယခုအခါ (COVID-19) ရောဂါ ဖြစ်ပွားနေမှု အခြေအနေအရ ဒေသဖြတ်ကျော် သွားလာမှု အကန့်အသတ်များရှိနေပါ၍ ကြေညာထားသည့်ရက်များတွင် ရေးဖြေစာမေးပွဲများ ကျင်းပနိုင်ခြင်း မရှိသေးပါကြောင်းနှင့် စာမေးပွဲ ကျင်းပနိုင်မည့်အခြေအနအပေါ် မူတည်၍ ပြောင်းလဲကျင်းပမည့်နေ့ရက်တို့ကို နိုင်ငံပိုင်သတင်းစာများမြန်မာ့အသံနှင့် မြ၀တီရုပ်သံသတင်းများ၊ ပြည်ထောင်စုရာထူး၀န်အဖွဲ့ ၏ website နှင့် Myanmar National Web Portal တို့မှ တဆင့် ကြေညာပေးသွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။