ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ဝန်ထမ်းမိသားစုများ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ ရန်ကုန်ရုံးခွဲတွင် ၁၆-၇-၂၀၂၃ ရက်တွင်လည်းကောင်း၊ နေပြည်တော်ရှိ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ စုပေါင်းခန်းမ၌ ၂၀-၇-၂၀၂၃ ရက်တွင် လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားများသို့ ရန်ကုန်တိုင်းဒေသကြီး၊ရွှေပြည်သာမြို့နယ်၊သီရိမင်္ဂလာပရိယတ္တိ စာသင်တိုက် ဆရာတော်ဘဒ္ဒန္တတ ခေမာစာရ အမှူးပြုသည့် ပင့်သံဃာတော်(၁၀) ပါးတို့အားလည်းကောင်း၊ ပျဉ်းမနားမြို့၊ ကင်ပွန်းတန်းရပ်၊ ကင်ပွန်းတန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ တေဇနိယ အမှူးပြုသည့် အိုးဘိုဂူတောရကျောင်းတိုက်နှင့် ကင်ပွန်းတန်းကျောင်းတိုက်တို့မှ ပင့်သံဃာတော်(၁၅)ပါးတို့အားလည်းကောင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးစစ်အေး ဦးဆောင်၍ အဖွဲ့ဝင်များ၊ ဥက္ကဋ္ဌရုံးအဖွဲ့၊ ဦးစီးဌာနများနှင့် ကွပ်ကဲမှုအောက်ရှိ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ပါမောက္ခချုပ်များ၊ ၎င်းတို့၏ဇနီးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဝန်ထမ်းမိသားစုများက နေ့ဆွမ်းနှင့် ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။