ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော် (မြန်မာ – ရုရှား ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ) သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရုရှား-မြန်မာစီးပွားရေးကောင်စီ (Russian-Myanmar Business Council- RMBC) ဥက္ကဋ္ဌ Mr. Aleksei SHUPLOV ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား အောက်တိုဘာလ (၃၁) ရက် (၁၀:၀၀) နာရီတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ရုံးအမှတ် (၁၇) ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ယင်းသို့တွေ့ဆုံစဉ် လက်ရှိမြန်မာ – ရုရှားနှစ်နိုင်ငံအကြား ဆောင်ရွက်လျက်ရှိသည့် ကိစ္စ ရပ်များ၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ ခရီးသွားလာရေးကဏ္ဍ၊ ပို့ကုန်သွင်းကုန်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံအကြား ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များပေးအပ်ရန်နှင့် နောင်အနာဂါတ် ရုရှား – မြန်မာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အလားအလာကောင်းများနှင့်ပတ်သက်၍ အပြန်အလှန်အကူအညီပေးရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခဲ့ပြီး ရုရှား ကိုယ်စားလှယ်အဖွဲ့မှ ရာဂိမုန်တိုင်းတိုက်ခတ်မှုကြောင့်ဖြစ်ပွားခဲ့သည့် ရေဘေးသင့်ပြည်သူများအတွက် သက်ဆိုင်ရာသို့ ဆက်သွယ်လှူဒါန်းပေးနိုင်ရန် အမေရိကန်ဒေါ်လာ ၅၀၀၀ ကို လှူဒါန်းခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌနှင့်အတူ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဆွေနှင့် မြန်မာ – ရုရှားချစ်ကြည်ရေးအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
UCSB’s Websites
Menu
System
Menu
More Information
Menu
Contact Us
- Office No. 17, Nay Pyi Taw
- Phone: 067-409057, 067-409680
- Fax: 067-409045
- Email: egovernment@ucsb.gov.mm , ucsb@mptmail.net.mm
Leave A Comment