ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသင်တန်းအမှတ်စဉ်(၈)နှင့် အဆင့်မြင့်အရာထမ်းသင်တန်း အမှတ်စဉ်(၂၂)တို့၏ သင်တန်းဖွင့်ပွဲအခမ်းအနားများကို ယနေ့နံနက်(၀၈၀၀)နာရီတွင် နိုင်ငံ့ ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၊ ကေတုမတီခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးစစ်အေး၊ တာဝန်ခံအဖွဲ့ဝင် ဦးစိုးတင့်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံးမှ ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး သင်တန်းအမှတ်စဉ်(၈)သို့ သင်တန်းသား (၁၅)ဦး၊ သင်တန်းသူ (၆)ဦး၊ စုစုပေါင်း (၂၁)ဦး၊ အဆင့်မြင့်အရာထမ်းသင်တန်း အမှတ်စဉ်(၂၂)သို့ သင်တန်း သား (၂၀)ဦး၊ သင်တန်းသူ (၁၆)ဦး၊ စုစုပေါင်း (၃၆)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်း ကာလမှာ ၁၇-၇-၂၀၂၃ ရက်နေ့မှ ၈-၉-၂၀၂၃ ရက်နေ့ထိ ရက်သတ္တ(၈)ပတ်ကြာ ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရှိရပါသည်။

ထို့အပြင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးစစ်အေးသည် ၁၆-၇-၂၀၂၃ ရက်နေ့၊ ညနေ(၁၅၀၀)နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)ရှိ စစ်ရေးပြကွင်း(၂)နှင့် ရတနာသိင်္ဃခန်းမ နောက်ကျောရှိ မြေကွက်လပ်တွင် ကျင်းပသည့် တက္ကသိုလ်၏ ဒုတိယအကြိမ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားသို့ တက်ရောက်၍ ရတနာတန်းဝင်ကျွန်းပင်အား စိုက်ပျိုး ပေးခဲ့ပြီး ဝန်ထမ်းများ၊ သင်တန်းသား၊ သင်တန်းသူများ၏ သစ်ပင်စိုက်ပျိုးနေမှု အခြေအနေအား လိုက်လံကြည့်ရှုအားပေးခဲ့ပါသည်။သစ်ပင်စိုက်ပျိုးပွဲတွင် သင်တန်းသားများ၊ ဝန်ထမ်းမိသားစု များမှ ရတနာတန်းဝင် ကျွန်း၊ ပျဉ်းကတိုး၊ မန်ဂျန်ရှား စုစုပေါင်းအပင် (၁၀၀၀) စိုက်ပျိုးခဲ့ပါသည်။ ၎င်းနောက် အဖွဲ့ဥက္ကဋ္ဌသည် ညနေ(၁၆၀၀)နာရီ၌ တက္ကသိုလ်ရှိ ရေနောက်အင်း ငါးကန်တွင် ငါးမျိုးစိတ်စိုက်ထည့်သည့် အခမ်းအနားသို့ တက်ရောက်၍ ကန်အတွင်းသို့ တီလားဗီးယား၊ ငါးမြစ် ချင်းနှင့် ထိုင်းငါးခုံးမ ငါးမျိုးများ စိုက်ထည့်ခဲ့ပါသည်။