နိုင်ငံ့၀န်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင် အလယ်အလတ်အဆင့်အရာထမ်းစီမံခန့်ခွဲမှုသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှုအဆင့်မြင့်ဒီပလိုမာသင်တန်းအမှတ်စဉ်(၆) သင်တန်းဆင်းပွဲအခမ်း အနားကို ၂၀၂၂ခုနှစ်၊  အောက်တိုဘာလ(၂၁)ရက်နေ့ နံနက်(၀၈:၀၀) နာရီအချိန်၌ ရတနာသိင်္ဃခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် တက်ရောက်၍ သင်တန်းဆင်း မိန့်ခွန်းပြောကြားပြီး သင်တန်းထူးချွန်ဆုများနှင့် သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးခဲ့ပါသည်။