အခြေခံပညာ ဆရာ၊ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ်(၉၉)၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်၊ နံနက် (၀၈:၀၀)နာရီတွင် နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်(အောက်မြန်မာပြည်)၊ ရတနာသိင်္ဃခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်  တက်ရောက်၍ သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး  သင်တန်းထူးချွန်ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းဆင်း ဂုဏ်ပြုလက်မှတ်များပေးအပ်ခဲ့ပါသည်။