ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌ ဦးသန်းဆွေ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် ဗီယက်နမ်နိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီး H.E. Pham Thi Thanh Tra ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ()ရက်နေ့မှ ()ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် (၂၁)ကြိမ်မြောက်အာဆီယံနိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်း အကြီး အကဲများ အစည်းအဝေး၊ ()ကြိမ်မြောက် အာဆီယံနှင့် အပေါင်းသုံးနိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်း အကြီးအကဲများ အစည်းအဝေးနှင့် ကောင်းမွန်သော အုပ်ချုပ်မှုဆိုင်ရာဖိုရမ်တို့သို့ တက်ရောက်ခဲ့ပြီး ယနေ့နံနက် ၁၀:၃၀နာရီတွင် လေကြောင်းခရီးစဉ်အမှတ် WE 301 ဖြင့် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိကြောင်း သတင်းရရှိပါသည်။

          အဆိုပါ ခရီးစဉ်အတွင်း ၂၀၂၂ခုနှစ်၊ ဩဂုတ်လ ()ရက်နေ့နှင့် ()ရက်နေ့တို့တွင် ကျင်းပသည့် အစည်း အဝေးများကိုစည်းလုံးညီညွတ်ပြီး စွမ်းအားရှိသော အာဆီယံအသိုက်အဝန်းသို့ ဦးတည်စေမည့် ခေတ်မီ နိုင်ငံ့ဝန်ထမ်းစနစ်တည်ဆောက်ရေးဟူသည့် ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ၂၀၂၂ခုနှစ်၊ ဩဂုတ်လ ()ရက်နေ့တွင် ကျင်းပသည့် ကောင်းမွန်သော အုပ်ချုပ်မှုဆိုင်ရာဖိုရမ်အား “Renovation of Civil Servants Training and Upgrading for Building Capacity and meeting International Integration requirement” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆောင်ရွက်ခဲ့ပါသည်။

          ယင်းအစည်းအဝေးများ၌ အာဆီယံနိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ၏ လုပ်ငန်းစီမံချက် (၂၀၂၁၂၀၂၅)နှင့် အာဆီယံအပေါင်းသုံးနိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးကဏ္ဍ၏ လုပ်ငန်းစီမံချက် (၂၀၂၁၂၀၂၅)အောက်၌ သက်ဆိုင်ရာအာဆီယံနိုင်ငံအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ၏ အခြေအနေအပေါ် ဆွေးနွေး အတည်ပြုခြင်းနှင့်  အာဆီယံအပေါင်းသုံးနိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်း၊အာဆီယံ၏ အခြားဆက်စပ်အစည်းအဝေးများတွင် ACCSM ကဏ္ဍနှင့် သက်ဆိုင်သည့် အတည်ပြုချက်နှင့် ဆုံးဖြတ်ချက်များအပေါ် လေ့လာသုံးသပ်ခြင်း၊ အာဆီယံနိုင်ငံ့ဝန်ထမ်းဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ၏ မဟာဗျူဟာကျသည့် မိတ်ဖက်အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုမူဘောင်အပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခြင်း၊ ဗီယက်နမ် နိုင်ငံမှ အဆိုပြုထားသည့်စိန်ခေါ်မှုအသစ်များအပေါ်နိုင်ငံ့ဝန်ထမ်းများ၏ လိုက်လျောညီထွေရှိမှုကို မြှင့်တင် ပေးခြင်းဆိုင်ရာ အာဆီယံကြေညာချက်နှင့်စပ်လျဉ်း၍ ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများရှိ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများအတွင်း တွေ့ကြုံ နေရသည့် စိန်ခေါ်မှုများ၊ အခွင့်အလမ်းများနှင့် အောင်မြင်စွာကျော်လွှားနိုင်ခဲ့မှု အတွေ့အကြုံများကို မျှဝေဆွေးနွေးခြင်း၊ အာဆီယံမိတ်ဖက်အဖွဲ့အစည်းဖြစ်သည့် ဩစတြေးလျနိုင်ငံ Australian Public Service Commission(APSC)နှင့် ပူးပေါင်းဆောင်ရွက်မှုနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ် များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခြင်း၊ ဗီယက်နမ်နိုင်ငံမှ ဘရူနိုင်းနိုင်ငံသို့ (၂၂)ကြိမ်မြောက် အာဆီယံနိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းပေးအပ်သည့် အခမ်းအနားနှင့် ဘရူနိုင်းနိုင်ငံ၏ နိုင်ငံ့ဝန်ထမ်းအကြီးအကဲက ၎င်းတို့ တာဝန်ယူမည့်ကာလအတွင်း ဆောင်ရွက်မည့် နိုင်ငံ့ဝန်ထမ်းဆိုင်ရာအစည်းအဝေးများနှင့် ဆက်စပ် လုပ်ငန်းစဉ်များအတွက်  ကြိုတင်ပြင်ဆင်ထားရှိမှုများအား တင်ပြခဲ့ပါသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များသည် ဟနွိုင်းမြို့ရှိ Vietnam Museum of Ethnology သို့ လေ့လာရေး ခရီးသွားရောက်ခြင်း၊ ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခြင်း၊ အမှတ် တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်လဲလှယ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင် အာဆီယံ နိုင်ငံ့ဝန်ထမ်းအကြီးအကဲများသည် ဗီယက်နမ်နိုင်ငံ၊ အစိုးရအဖွဲ့ Deputy Prime Minister H.E. Pham Binh Minh နှင့်လည်း သွားရောက်တွေ့ဆုံ ဂါရဝပြုခဲ့ကြောင်း သိရှိရပါသည်။