ပြည်ထောင်စုရာထူးဝန်အဖွဲ့၏(၁၆)ကြိမ်မြောက်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ၃-၇-၂၀၂၃ ရက်၊ နံနက် (၀၈ : ၀၀)နာရီတွင်နေပြည်တော်ရှိ  ပြည်ထောင်စုရာထူးဝန်အဖွဲ့၌ကျင်းပရာပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌဦးစစ်အေး၊အဖွဲ့ဝင်များဖြစ်ကြသည့်ဦးဆန်းမြင့်၊ဒေါ်ခင်မျိုးမြင့်၊ဦးရဲနိုင်၊ဦးစိုးတင့်၊သူရဦးဘိုနီ၊ဦးသန်းဝင်း၊အမြဲတမ်းအတွင်းဝန်၊ညွှန်ကြားရေးမှူးချုပ်များ၊ဒုတိယအမြဲတမ်းအတွင်းဝန်၊ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊အရာထမ်း၊အမှုထမ်းများတက်ရောက် ကြပါသည်။

မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင်ဥက္ကဋ္ဌဦးစစ်အေးကရာသီဥတုညီညွတ်မျှတစေခြင်း၊သဘာ၀ပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကိုထိန်းညှိပေးခြင်း၊အေးမြသောအရိပ်အာဝါသနှင့် မျက်စိပသာဒဖြစ်စေခြင်း၊လူသားတို့အတွက် အထောက်အပံ့ကောင်းများရရှိစေသောကြောင့်နှစ်စဉ်သစ်ပင်များစိုက်ပျိုးရန်မှာမဖြစ်မနေလုပ်ဆောင်ရမည့် တာဝန်ဖြစ်ပါကြောင်း၊ယနေ့အချိန်အခါတွင်ကမ္ဘာတစ်ဝှမ်းရင်ဆိုင်နေရသည့် ရာသီဥတုပြောင်းလဲခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုဆိုင်ရာ ပြဿနာများ၏ အဓိကအကြောင်းအရင်းသည် သစ်တောများပြုန်းတီးမှု၊ ဖန်လုံအိမ်ဓာတ်ငွေ့များကမ္ဘာ့လေထုထဲတွင် တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာသည့်အတွက် သစ်တောများထိန်းသိမ်းရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းလာကြပါကြောင်း၊သစ်ပင်သစ်တောများနှင့်ရာသီဥတုပြောင်းလဲမှုတို့၏အပြန်အလှန်အကျိုးဖြစ်ထွန်းမှုဂေဟစနစ်များတိုးတက်လာစေရန်နှစ်အလိုက်သစ်ပင်များပုံမှန်စိုက်ပျိုးသွားရန်နှင့်စိုက်ပျိုးပြီးသစ်ပင်များကိုလည်းရှင်သန်ဖြစ်ထွန်းစေရေးဝန်ထမ်းများအားလုံးမှဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်သွားကြရန်အထူးလိုအပ်ပါကြောင်းမှာကြားခဲ့ပြီးဥက္ကဋ္ဌရုံးအဖွဲ့နှင့်ဦးစီးဌာနများမှဝန်ထမ်းများသစ်ပင်စိုက်ပျိုးရန်အတွက်ပျိုးပင်များကိုအမြဲတမ်းအတွင်းဝန်နှင့်သက်ဆိုင်ရာဌာနအလိုက်ညွှန်ကြားရေးမှူးချုပ်များထံသို့ပေးအပ်ပါသည်။၎င်းနောက်ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌဦးစစ်အေးသည်သတ်မှတ်နေရာ၌ရတနာတန်းဝင်ကျွန်းပင်ကိုစတင်စိုက်ပျိုးပေးပါသည်။

ထို့နောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည်အမြဲတမ်းအတွင်းဝန်၊ညွှန်ကြားရေးမှူးချုပ်များလိုက်ပါလျက်အရာထမ်း၊အမှုထမ်းများသစ်ပင်စိုက်ပျိုးနေမှုများအားလှည့်လည်ကြည့်ရှုအားပေးပါသည်။ပြည်ထောင်စုရာထူးဝန်အဖွဲ့၏မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင်ဝန်ထမ်းများမှကျွန်း၊မဟော်ဂနီ၊ခရေ၊ ကံ့ကော်၊ပျဉ်းကတိုး၊ပိတောက်၊အင်ကြင်းပင်စသောနှစ်ရှည်ပင်၊ပန်းအလှပင်နှင့်အရိပ်ရလေကာပင်စုစုပေါင်း (၂၆၆) ပင်ကိုသတ်မှတ်နေရာများအလိုက်စိုက်ပျိုးခဲ့ပါသည်။