ပြည်ထောင်စုရာထူးဝန်အဖွဲ့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာထမ်း၊ အမှုထမ်း များအနေဖြင့် ကွန်ပျူတာအခြေခံသဘောတရားများအား ပိုမိုသိရှိနားလည်ပြီး လုပ်ငန်း ခွင်တွင် ပြန်လည်အသုံးချနိုင်စေရန်အတွက် အခြေခံကွန်ပျူတာသင်တန်း (၂/၂၀၂၂) ဖွင့်ပွဲ အခမ်းအနားကို ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ထုတ်ပြန်ထားရှိသော စည်းကမ်းသတ်မှတ် ချက်များနှင့်အညီ ၁၇-၅-၂၀၂၂ ရက်နေ့ နံနက်(၁၀:၀၀)နာရီ၌ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ရုံးအမှတ်(၁၇)၊ စုပေါင်းခန်းမတွင် ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။