ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ၂၀၂၃ -၂၀၂၄ ခု ဘဏ္ဍာနှစ်ပထမအကြိမ် လေးလပတ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ(၆)ရက်၊ (၁၀:၀၀)နာရီတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်က ပြည်ထောင်စုရာထူးဝန်အဖွဲ့ အနေဖြင့် နိုင်ငံ့ဝန်ထမ်းများရွေးချယ်ရေး၊ လေ့ကျင့်ရေး၊ သင်ကြားရေးဆိုင်ရာလုပ်ငန်းများအပေါ် အဓိက ထား၍ ဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း၊ အဖွဲ့၏ ကွပ်ကဲမှုအောက်ရှိ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်သည် မြန်မာနိုင်ငံတွင် တစ်ခုတည်းသော ဝန်ထမ်းတက္ကသိုလ်ဖြစ်ပြီး မြန်မာနိုင်ငံမှာရှိသည့် ဝန်ထမ်း အဖွဲ့အစည်းအားလုံးရှိ နိုင်ငံ့ဝန်ထမ်းအားလုံး ကဏ္ဍအလိုက်၊ အဆင့်အလိုက်လုပ်ငန်းများကို မှန်မှန် ကန်ကန်လုပ်ဆောင်ပြီး နိုင်ငံ့အကျိုးကိုရှေ့ရှု၍ ပြည်သူလူထုကို အလုပ်အကျွေးပြုကြရန် လေ့ကျင့် သင်ကြားပေးနေခြင်းဖြစ်ပါကြောင်း၊ လေ့ကျင့်သင်ကြားပေးရာတွင် ဝန်ထမ်းအားလုံးအဆင့် အလိုက်၊ ကဏ္ဍအလိုက် ဝန်ထမ်းလုပ်ငန်းများကို ပြည်သူအကျိုးပြု ဆောင်ရွက်ရန်ဖြစ်သည်ကို တာဝန်ရှိသူများက စွဲစွဲမြဲမြဲမှတ်သားကြစေလိုကြောင်း၊ ရာထူးဝန်အဖွဲ့၏ ရွေးချယ်ရေးလုပ်ငန်းစဉ် သည်လည်း နိုင်ငံတော်အစိုးရယန္တရားလည်ပတ်မှု ပိုမိုကောင်းမွန်စေရေး၊ ရုံးလုပ်ငန်းများတွင် ခါးဆက်မပြတ် ဆောင်ရွက်နိုင်ရေးတို့အတွက် ရည်ရွယ်ချက်များထားရှိဆောင်ရွက်ပေးလျက် ရှိကြောင်း၊ အဆိုပါ ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ အဓိကလုပ်ငန်းတာဝန်ဖြစ်သော ရွေးချယ်ခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ လေ့ကျင့်သင်ကြားပေးခြင်းလုပ်ငန်းများ အောင်မြင်စေရေးတို့အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို ကျင်းပခြင်းဖြစ်ရာ အစည်းအဝေးတွင် ချမှတ်ထားရှိသော လုပ်ငန်း Guideline အပေါ် ဦးတည်၍ ဆွေးနွေးရန်လိုအပ်ပါကြောင်း၊ အဖွဲ့၏ ရည်မှန်းချက်လုပ်ငန်း များအပေါ် အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေးအတွက် အုပ်ချုပ်မှုပိုင်းဆိုင်ရာ / သင်ကြားမှုပိုင်း ဆိုင်ရာ လိုအပ်သည့်ပံ့ပိုးမှုများကိုလည်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အစည်းအဝေး တင်ပြချက်များ၊ ဆွေးနွေးဆုံးဖြတ်ချက်များကိုလည်း တစိုက်မတ်မတ်ဖြင့် မယိမ်းမယိုင် လိုက်ပါ ဆောင်ရွက်ရန်၊ စွဲမြဲစွာဆောင်ရွက်ရန်လိုပါကြောင်း၊ ပြီးခဲ့သည့် လေးလပတ်ကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေများ၊ ရည်မှန်းထားသောလုပ်ငန်း တာဝန် များအား သတ်မှတ်ကာလအလိုက်  အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုများ၊ လာမည့် လေးလ ပတ်အတွင်း ရှေ့ဆက်လက် ဆောင်ရွက်မည့် လျာထားလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ပြည့်ဝစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးတို့အတွက် လိုအပ်သည်များကို ရှင်းလင်း ဆွေးနွေး မှာကြားခဲ့ပါသည်။ ထို့နောက်အစည်းအဝေးသို့ တက်ရောက်လာကြသော ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင် များဖြစ်သည့် ဦးဆန်းမြင့်၊ ဦးရဲနိုင်၊ ဦးစိုးတင့်၊ သူရဦးဘိုနီနှင့် ဦးသန်းဝင်း၊ ဥက္ကဋ္ဌရုံးအဖွဲ့၊ ဦးစီးဌာနများမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များမှ ပါမောက္ခချုပ် များက ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာနှစ်ပထမလေးလပတ်ကာလအတွင်း လုပ်ငန်းများ ကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုအခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ်များကို အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်က တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်လမ်းညွှန်ဖြည့်စွက် ဆွေးနွေးခဲ့ပါသည်။