နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၊စစ်ရေးပြကွင်း၌ ၃၀-၉-၂၀၂၂ ရက်နေ့၊ နံနက် (၀၇၃၀) နာရီ အချိန်တွင် အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေးသင်တန်းအမှတ်စဉ်() သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခဲ့ရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ အဖွဲ့ဝင် များဖြစ်ကြသော ဦးရဲနိုင်၊ ဦးစိုးတင့်၊ ဥက္ကဋ္ဌရုံးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်(အောက်မြန်မာပြည်) မှ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊တက္ကသိုလ်မှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်း သူများ တက်ရောက်ခဲ့ကြပါသည်။