ကိုယ်ရေးအချက်အလက်

အမည် ဦးခင်မောင်ဖြူ
တာဝန်ထမ်းဆောင်ခဲ့သည့် ကာလ (၃-၁-၁၉၇၃ မှ ၉-၄-၁၉၇၇ ထိ)

ရာထူးဝန်အဖွဲ့ကို တိုးချဲ့ဖွဲ့စည်းလိုက်သော ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့တွင် ပထမဆုံးအကြိမ် ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်ခဲ့သူမှာ ဉီးခင်မောင်ဖြူဖြစ်ပါသည်။ အိုင်စီအက်စ် (အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ပဋိဉာဏ်ခံ ဝန်ထမ်း )ဉီးခင်မောင်ဖြူသည် ဝါရင့် အုပ်ချုပ်ရေး ဝန်ထမ်းဖြစ်ပါသည်။ အတွင်းဝန်ချုပ်အဖြစ်လည်းကောင်း၊ အိမ်စောင့်အစိုးရအဖွဲ့တွင် ပြည်ထဲရေးဝန်ကြီးအဖြစ် လည်းကောင်း တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပါသည်။ ဥက္ကဋ္ဌအဖြစ် ၁၉၇၃ မှ ၁၉၇၇ အထိ တာဝန် ထမ်းဆောင်ခဲ့ပါသည်။