ကိုယ်ရေးအချက်အလက်

အမည် ဦးမောင်မောင်ကြီး
တာဝန်ထမ်းဆောင်ခဲ့သည့် ကာလ (၁၂-၁၁-၁၉၈၁ မှ ၈-၇-၁၉၉၉ ထိ)

တတိယအကြိမ်မြောက် ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်လျက်ရှိသော ပုဂ္ဂိုလ်မှာ ဦးမောင်မောင်ကြီးဖြစ်ပါသည်။ ဦးမောင်မောင်ကြီးသည် မြန်မာ့တပ်မတော်၏ သန္ဓေတည်အခြေစိုက်ခဲ့သော မြန်မာ့ကာကွယ်ရေးတပ်မတော် (Burma Defence Army) ၊ မြန်မာ့အမျိုးသားတပ်မတော် (Burma National Army) နှင့် မြန်မာ့မျိုးချစ် တပ်မတော် (Burma Patriotic Forces) တို့တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်အတွင်း မင်္ဂလာဒုံ ဗိုလ်သင်တန်း ဒုတိယပတ်ကျောင်းဆင်းဖြစ်ပါသည်။ ထို့ပြင် နှစ်ပေါင်းများစွာ ဝါရင့် နိုင်ငံခြားရေးဝန်ထမ်းတစ်ဦးအဖြစ် ရာထူးအဆင့်ဆင့်တာဝန်ယူခဲ့သဖြင့် မြန်မာနိုင်ငံကို ကိုယ်စားပြုသော ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်သံအမတ်ကြီးနှင့် ကျူးဘားဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါသည်။ ဝန်ထမ်း ရွေးချယ်လေ့ကျင့်ရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် ၁၉၈၁ မှ ၁၉၉၉ အထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။