ကိုယ်ရေးအချက်အလက်

အမည် ဦးသန်းစိန်
တာဝန်ထမ်းဆောင်ခဲ့သည့် ရာထူး ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ ဥက္ကဋ္ဌ
တာဝန်ထမ်းဆောင်ခဲ့သည့် ကာလ (၅-၅-၁၉၇၇ မှ ၁၂-၁၁-၁၉၈၁ ထိ)

ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ ဥက္ကဋ္ဌ တာဝန်ကို ဒုတိယအကြိမ်မြောက် ထမ်းဆောင်ခဲ့သူမှာ ဦးသန်းစိန်ဖြစ်ပါသည်။ ဦးသန်းစိန်သည် စစ်ဦးစီးဗိုလ်မှူးကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး တော်လှန်ရေးကောင်စီဝင်တစ်ဦးလည်း ဖြစ်ခဲ့ပါသည်။ ထို့နောက် နိုင်ငံတော်ကောင်စီဝင်အဖြစ်လည်းကောင်း၊ သယ်ယူပို့‌ဆောင်ရေးဝန်ကြီးအဖြစ်လည်ကောင်း ဆောင်ရွက်ခဲ့ပြီး ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် ၁၉၇၇ မှ ၁၉၈၁ အထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။