ကိုယ်ရေးအချက်အလက်

အမည် ဦးခင်မောင်ဝင်း
ရာထူး အမြဲတမ်းအတွင်းဝန်
တာဝန်ထမ်းဆောင်ခဲ့သည့် ကာလ ၆-၆-၂၀၁၆ မှ LPR ကာလ

အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ဝင်းကို ဖခင် ဦးကိုကြီးနှင့် မိခင် ဒေါ်နုတို့မှ ၁၉၆၁ ခုနှစ်၊ ဒီဇင်ဘာလ (၄)ရက်နေ့တွင် တောင်ငူမြို့၌ မွေးဖွားခဲ့ပါသည်။ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးသိပ္ပံအမှတ်စဉ် (၁၄)တွင် (၁၉၇၉-၁၉၈၃) (၄)နှစ် သင်တန်းတက်ရောက်အောင်မြင်ခဲ့ပြီး ၁၉၈၃ ခုနှစ်တွင် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ အခြေခံပညာမူလတန်းကျောင်း တွင် မူလတန်းပြဆရာအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ ပါသည်။ ဦးခင်မောင်ဝင်းသည် မန္တလေးတက္ကသိုလ်မှ ၁၉၈၈ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ကို ရရှိခဲ့ပါသည်။ ပြည်ထောင်စုတိုင်းရင်း သားလူမျိုးများဖွံ့ဖြိုးရေးသိပ္ပံတွင် နည်းပြအဖြစ် ပြောင်းရွှေ့ ခန့်အပ်ခြင်းခံခဲ့ရပါသည်။

၁၉၉၄ ခုနှစ်တွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်မှ ပညာရေးဘွဲ့ကို ရရှိခဲ့ပါသည်။ ဖွံ့ဖြိုးရေးတက္ကသိုလ်တွင် လက်ထောက်ကထိက၊ ဌာနစုမှူး၊ ဌာနမှူး၊ ဌာနကြီးမှူး (အုပ်ချုပ်ရေး)အဖြစ်လည်းကောင်း၊ ၂၀၀၉ ခုနှစ်တွင် ဒုတိယ ပါမောက္ခချုပ် (စီမံ) ရာထူးသို့လည်းကောင်း အဆင့်ဆင့်တိုးမြှင့်ခန့်အပ်ခြင်းခံခဲ့ရပါသည်။ ၂၀၁၀ ခုနှစ်တွင် ဝန်ထမ်းရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ် ပြောင်းရွှေ့တာဝန်ထမ်း ဆောင်ခဲ့ပါသည်။ ၂၀၁၃ ခုနှစ်တွင် ဒုတိယပါမောက္ခချုပ် (စီမံ) ရာထူးဖြင့် ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တွင်လည်းကောင်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) တွင်လည်းကောင်း ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပါသည်။

၂၀၁၅ ခုနှစ်တွင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့တွင် ရုံးအဖွဲ့မှူး၊ ဒုတိယအမြဲတမ်းအတွင်းဝန်အဖြစ် တာဝန်ထမ်း‌ဆောင်ခဲ့ပါသည်။ ယခုအခါ နိုင်ငံတော်သမ္မတရုံး၏ ၃၀-၅-၂၀၁၆ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၂၂/ ၂၀၁၆ ဖြင့် ဝန်ထမ်းရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရာထူးသို့ တာဝန်ပေးအပ်ခြင်းခံခဲ့ရပြီး၊ ပြည် ထောင်စုအစိုးရအဖွဲ့၏ ၆-၆-၂၀၁၆ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၃၉/ ၂၀၁၆ ဖြင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ အမြဲတမ်းအတွင်းဝန်အဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရပါသဖြင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့တွင် အမြဲတမ်းအတွင်းဝန် / တာဝန်ခံညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။