ကိုယ်ရေးအချက်အလက်

အမည် ဦးဇော်ဇော်
ရာထူး ပါမောက္ခချုပ်
တာဝန်ထမ်းဆောင်ခဲ့သည့် ကာလ ၂၁-၅-၂၀၂၁ မှ ယနေ့ထိ
နေရာ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)

ဦးဇော်ဇော်အား ၁၉၆၄ ခုနှစ်၊ ဧပြီလ(၂၁) ရက်နေ့တွင် အဘ ဦးသန်းအောင်၊ အမိ ဒေါ်ခင်ထားတို့မှ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် မွေးဖွားခဲ့ပါသည်။ ၁၉၈၂ ခုနှစ်တွင် အခြေခံပညာ အထက်တန်းစာမေးပွဲကို အောင်မြင်ခဲ့ပြီး စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၉)၌ ဆက်လက် တက်ရောက်ခဲ့ရာ ၁၉၈၈ခုနှစ်တွင် ဝိဇ္ဇာဘွဲ့(စစ်တက္ကသိုလ်) ရရှိပြီး ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါသည်။ ၁၉၈၈ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ တပ်မတော် (ကြည်း)တွင် ရာထူးအဆင့် အမျိုးမျိုး ဒုတိယတပ်ရင်းမှူးအဆင့်အထိ တာဝန်များကို ထမ်းဆောင် ခဲ့ပါသည်။ ၂၀၀၆ ခုနှစ် မှ ၂၀၁၁ ခုနှစ် အထိ စက်မှုဝန်ကြီးဌာနတွင် ဒုတိယစက်ရုံမှုးတာဝန်ကို ထမ်းဆောင်ခဲ့ပါသည်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၅ခုနှစ် အထိ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ကွပ်ကဲမှုအောက်ရှိ ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေး ဦးစီးဌာန၊ ဝန်ထမ်းရေးရာဦးစီးဌာနနှင့် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တို့တွင် ညွှန်ကြားရေးမှုး၊ ဒုတိယညွှန်ကြားရေးမှုးချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ရုံးအဖွဲ့မှူး (ယခု ဒုတိယအမြဲတမ်း အတွင်းဝန်)၊ တာဝန်များကို ထမ်းဆောင်ခဲ့ပြီး ၁၃-၇-၂၀၁၅ ရက်နေ့မှ ၂၀-၅-၂၀၂၀ ရက်နေ့အထိ ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)၏ ဒုတိယပါမောက္ခချုပ် (စီမံခန့်ခွဲရေး)အဖြစ် တာဝန် ထမ်းဆောင် ခဲ့ပါသည်။ ၂၁-၅-၂၀၂၁ ရက်နေ့မှစပြီး ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၏ ပါမောက္ခချုပ် တာဝန်များကို ထမ်းဆောင်လျက်ရှိပါသည်၊၊

ပြည်ပ အတွေ့အကြုံများအဖြစ် ထိုင်းနိုင်ငံတွင် ကျင်းပသော Seminar on Executive Development Model for ASEAN Civil Service ဆွေးနွေးပွဲသို့ ၁၂-၉-၂၀၁၁ ရက်နေ့မှ   ၁၄-၉-၂၀၁၁ ရက်နေ့အထိလည်းကောင်း၊ ပြည်သူ့ရေးရာကဏဏ္ဍ လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်မှု အခြေအနေများနှင့် နိုင်ငံ့ဝန်ထမ်းဆိုင်ရာ အစည်းအဝေးများအား တွေ့ဆုံလေ့လာနိုင်ရန်     ၁၆-၉-၂၀၁၂ ရက်နေ့မှ ၂၀-၉-၂၀၁၂ ရက်နေ့အထိ လည်းကောင်း၊ ကိုရီးယားသမ္မတနိုင်ငံတွင် ကျင်းပသော Country Fellowship (Seminar) Public Sector Development Program for Myanmar Senior Government Officials ဆွေးနွေးပွဲသို့   ၃၀-၆-၂၀၁၃ ရက်နေ့မှ ၁၄-၇-၂၀၁၃ ရက်နေ့အထိလည်းကောင်း၊ Sasakawa Peace Foundation အစီအစဉ်ဖြင့် ဂျပန်နိုင်ငံသို့ လေ့လာရေးအဖြစ် ၂၄-၈-၂၀၁၄ ရက်နေ့မှ ၂၉-၈-၂၀၁၄ ရက်နေ့အထိ လည်းကောင်း ၊ UN Environment အစီအစဉ်ဖြင့် ဗီယက်နမ်နိုင်ငံ၌ မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်သို့  ၃-၇-၂၀၁၇ ရက်နေ့မှ ၇-၇-၂၀၁၇ ရက်နေ့အထိ လည်းကောင်း၊ ဂျပန်နိုင်ငံ၌ အသိပညာဗဟုသုတရှာဖွေဆည်းပူးမှုဆိုင်ရာအလုပ်ရုံဆွေးနွေး ပွဲနှင့် ခေါင်းဆောင်မှုဖိုရမ်သို့ ၆-၁၂-၂၀၁၈ ရက်နေ့မှ ၇-၁၂-၂၀၁၈ ရက်နေ့ထိလည်းကောင်း တက်ရောက် ခဲ့ပါသည်။